အင်းတော်ကြီးကန် နှစ်ပေါင်း (၅ဝ) တွင် တိမ်ကောမှုအဆိုးဆုံးဖြစ်

အင်းတော်ကြီးကန် နှစ်ပေါင်း (၅ဝ) တွင် တိမ်ကောမှုအဆိုးဆုံးဖြစ်

အင်းတော်ကြီးကန်သည် နှစ်ပေါင်း(၅၀) အတွင်း ယခုနှစ်သည် တိမ်ကောအမှုအဆိုးဆုံးဖြစ်ဟု ဒေသခံများကဆိုကြသည်။

တိမ်ကောလာမှု လက္ခဏာတစ်ရပ်ဖြစ်သည့် ရွှေမဉ္ဇူရေလည်ဘုရားနတ်လမ်း သိသာစွာထွက်ပေါ်လာခြင်းနှင့် အင်းအတွင်းရှိ အိုက်များတိမ်ကောလာခဲ့မှုနှင့် လက်ရှိမြင်တွေ့နေရသည်။ “ တဖြည်းဖြည်းကောလာတာကိုတွေ့ရတယ်။ ဘာကြောင့်လဲလို့သုံးသပ်မယ်ဆိုရင် အခုလက်ရှိကွန်ကရစ်တံတားဆိုမှာပေါ့။ အဲ့တာလုပ်ထားတဲ့အခါကျတော့ အနယ်တွေကျလာတော့ ရေစီးရေလာ မကောင်းလို့ကောသွားတယ်လို့ထင်တယ်။ ဒီနှစ်မှာပိုပြီးတော့မှ နတ်လမ်းကိုပြီးပေါ်လာတယ်” ဟု အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း နာယက ဦးသန်းစိန်ကဆိုသည်။

နိုင်ငံခြားသား ပညာရှင်များက အင်းတော်ကြီးရေလည်ဘုရားဖူးလမ်းကို ယခုပြုလုပ်ထားသည့် ကွန်ကရစ်လမ်းကြောင့် အမြန်ဆုံးတိမ်ကောနိုင်သည်ဟု အကြံပြုထားမှုများရှိသည်။ ထို့အတွက်ကြောင့်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေသူများက ထိုတံတားပုံစံဒီဇိုင်းပြောင်းလဲနိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရကိုတင်ပြထားမှုများရှိကြောင်း သိရသည်။

အင်းတော်ကြီးဒေသတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများသည်လည်း ယခု အင်းတိမ်ကောလာခြင်း နှင့် ပို၍ သည်ဟု ၎င်းကဆိုသည်။

“ အင်းတော်ကြီးမှာ ရှိတဲ့သဘာဝရဲ့ ပတ်ဝန်းကျင်သစ်တောစိမ်းလန်းကိစ္စရပ်လည်းအများကြီးသက်ဆိုင်တယ် ။ဒီချောင်းကောတာတို့ ။မိုးခေါင်တာတို့အများကြီးပါတယ်။ အဲ့တာကြောင့်မြန်မြန်ကောသွားတာပေါ့။ ထင်သာထက်ကို အစ်ကိုတစ်သက်မှာ အကောဆုံးဖြစ်တာပေါ့ ။” ဟု ဦးသန်းစိန်ကဆိုသည်။

အင်းတော်ကြီးကန်အတွင်း စီးဝင်လျှက်ရှိနေသည့် ချောင်းအများစုသည် ယခုနှစ်တွင် ရေမရရှိသောကြောင့်နှင့် မိုးခေါင်မှုများကြောင့် ယခင်နှစ်များထက် ပို၍ တိမ်ကောလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

အင်းတော်ကြီးဒေသတွင် သဘာဝပတ်ဝန်းကျင်ပျက်ဆီးစေနိုင်သည့် ရွှေတူးဖော်မှုများနှင့် သစ်ထုတ်လုပ်မှုများက ယနေ့တိုင်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

အင်းတော်ကြီးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂ဝ၁၆ ခုနှစ်က သတ်မှတ်ခြင်းခံခဲ့ရသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...