ပလက်ဝတွင် ညမထွက်ရအမိန့် နှစ်လ ထပ်တိုး

ပလက်ဝတွင် ညမထွက်ရအမိန့် နှစ်လ ထပ်တိုး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ညမထွက်ရ အမိန့် ပုဒ်မ (၁၄၄) ကို မတ်လ (၉) ရက်နေ့မှစ၍ (၂) လ ထပ်မံ တိုးမြှင့် သတ်မှတ်လိုက်သည်ဟု သိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသ ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့စ၍ ညမထွက်ရအမိန့်ကို မြို့နယ်အုပ်ချူပ်ရေးမှူးအဖွဲ့က စတင်ထုတ်ပြန်ခဲ့ပြီး ယခုထုတ်ပြန်ခြင်းသည် တတိယအကြိမ်ဖြစ်သည်။

ယခင်ထုတ်ပြန်ခဲ့သည့် အမိန့်များတွင် ညနေ (၆) နာရီမှ မနက် (၆) နာရီအထိ သတ်မှတ်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ည (၇) နာရီမှ မနက်(၆) နာရီအထိ အချိန် အနည်းငယ် ပြောင်းလဲထားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အပြင် တိုက်ပွဲကြောင့် ရေလမ်း၊ ကုန်လမ်း ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည့်အတွက် စားနပ်ရိက္ခာ သယ်ယူ၍ မရသောကြောင့် စားနပ်ရိက္ခာပြတ်လပ်နေပြီး ကုန်စျေးနှုန်းများလည်းမြင့်တက်နေကာ ဆန်တစ်အိတ် ကျပ်တစ်သိန်းအထိ စျေးမြင့်တက်နေသည်ဟုသိရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...