ကာမိုင်း-ဖားကန့်လမ်း ပိတ်ထားသော်လည်း စစ်တပ်စစ်ကြောင်း ဖားကန့်ကိုရောက်ရှိ

ကာမိုင်း-ဖားကန့်လမ်း ပိတ်ထားသော်လည်း စစ်တပ်စစ်ကြောင်း ဖားကန့်ကိုရောက်ရှိ

ကချင်ပြည်နယ်၊ကာမိုင်း-ဖားကန့် လမ်းပိုင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ပင်ထားပေမယ့် စစ်ကော်မရှင်စစ်ကြောင်းက ဖားကန့်မြို့ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

"လမ်းပိတ်တယ်ဆိုတဲ့ နေရာက တစ်ခါတစ်လေသူတို့ထွက်ထွက်လာပိတ်တာပဲရှိတာပါ။ စစ်ကြောင်းရောက်သွားတာကကြာပြီ "ဟု ကာမိုင်းလမ်းကနေ ဖားကန့်မြို့သို့ ခရီးသွားရောက်ခဲ့သူတစ်ဦးက ပြောပြပါတယ်။

ယခုလဧပြီ(၂၃)ရက်နေ့ကနေ ယနေ့အထိ တော်လှန်ရေးတပ်ဖွဲ့များက ကာမိုင်းကနေ ဖားကန့်မြို့သို့ စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်မှုကို တားဆီးနိုင်ရန်အတွက် ဒီလမ်းပိုင်းကိုပိတ်ပင်ထားခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုပိတ်ပင်ခဲ့ပေမယ့် အင်အား(၅၀၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းက ဖားကန့်ဒေသအတွင်းကို ရောက်ရှိနေတာ ရက်အနည်းငယ်ကြာမြင့်နေပြီဖြစ်ကြောင်း သိရပါတယ်။

လဝါးကျေးရွာကနေစတင်ပြီး လုံးခင်းကျေးရွာအထိ လမ်းပိုင်းတစ်လျှောက်တွေမှာ စစ်ကော်မရှင်ဂိတ်အများအပြား ရှိနေပြီး ဒီလမ်းပိုင်းအကြားက နန့်ယားကျေးရွာအနီးတောဘက်တွေမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့များက လှုပ်ရှားနေတာဖြစ်တယ်လို့ ခရီးသွားများက ဆိုကြပါတယ်။

ဒါ့အပြင် ဧပြီ(၃၀)ရက်နေ့ မနက်ပိုင်းမှာ ဖားကန့်မြို့၊ဆန်းကြွယ်ကျေးရွာရှိ ဘောလုံးကွင်းဘေး လမ်းဆုံနေရာမှာ စစ်ဆေးရေးပြုလုပ်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့များကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ အနီးနေထိုင်သူများထံမှ သိရပါတယ်။

ဒီလမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ခရီးသည်တင်ယာဉ်(၉)စီးနဲ့ ယာဉ်မောင်းများကိုလည်း မကြာသေးမီရက်ပိုင်းက ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ယာဉ်မောင်းနဲ့နီးစပ်သူများထံမှ သိရပါတယ်။

ဖားကန့်မြို့အနီးမှာ မတ်လကစလို့ စစ်တပ်ရဲ့ တပ်ရင်းစခန်းတွေနဲ့ ကာကင်းစခန်းတွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်မှုတွေပြုလုပ်နေတာကြောင့် တိုက်ပွဲတွေဟာ တစ်လကျော်ကြာ ဆက်တိုက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...