မိုးညှင်းနှင့် အင်းတော်ကြီးဒေသ လယ်သမားများ စပါးဈေး အစိုးရသတ်မှတ်နှုန်း မရ

မိုးညှင်းနှင့် အင်းတော်ကြီးဒေသ လယ်သမားများ စပါးဈေး အစိုးရသတ်မှတ်နှုန်း မရ

မိုညှင်းမြို့နယ်နှင့် အင်းတော်ကြီးဒေသများတွင် စပါးဈေးနှုန်းမှာ အစိုးရက သတ်မှတ်ထားသော အခြေခံနှုန်းထားအောက် လျော့ကျနေသဖြင့် တောင်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

"စပါးလေးရမှ ကျွန်မတို့က စားရပါတယ်ဆို အခု စပါးဈေးကလည်းမကောင်းဆိုတော့ ကျွန်မတို့ လယ်သမားတွေက စိတ်ညစ်၊ လယ်သမားတွေအတွက် နစ်နာပါ့အေ့"ဟု  အင်းတော်ကြီးဒေသ မနခေါကျေးရွာနေ ဒေါ်အေးပြုံးက ပြောသည်။

အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ကာ အရည်အသွေးဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီသော တစ်တင်း (၄၆)ပေါင်ကိုက် စပါး တင်း(၁၀ဝ )၏ အခြေခံဈေးနှုန်းကို ငါးသိန်းကျပ်ဟု အစိုးရက သတ်မှတ် ထုတ်ပြန်ကြေညာထားသည်။

"ရာသီဥတု ဖျက်လို့ စိုတာတွေ ပါရင် သူတို့(ဝယ်လက်)ဘက်ကနေပြီးမှ မစိုလည်း စိုတယ်ပေါ့၊ ခဲမများလည်း များတယ်ပေါ့။ အဲဒီလို အကြောင်းပြချက်အမျိုးမျိုးနဲ့ ကျွန်တော်တို့အပေါ်မှာ ပြည်တောင်းတိုးပြီးတော့မှ ချိန်သွားတာတွေရှိတယ်"ဟု မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာခံ လယ်သမား ဦးမောင်နီက ပြောသည်။

ယင်းဒေသများတွင် စပါးဈေး  ကျပ် ၄၅၀ဝ နှုန်းဖြင့်သာ အများဆုံး ရောင်းချနေကြရပြီး တင်းတောင်းကြီးများဖြင့် ခြင်တွယ်ဝယ်သူနေခြင်းမျိုးကိုလည်း ကြုံတွေ့နေရကြောင်း မိုးညှင်းမြို့နယ်မှ ဒေါ်ငြိမ်းမယ်က ပြောသည်။

"တင်းတောင်းက ၁၆ ပြည် တစ်တင်း ဆိုထားတာကို ဒီတင်းနဲ့ဆို ဝယ်ကို မဝယ်တော့တာ။ ကျွန်မတို့ကတော့ မရောင်းနိုင်သေးလို့ မရောင်းသေးတာပ"ဟု ၎င်းက ဆက်ပြောသည်။

ယမန်နှစ် ၂၀၁၉ တွင် မိုးညှင်းမြို့နယ် လယ်သမားများသည် ငါးနှစ်တာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် ၉၀ဝဝ နှုန်း ရောင်းချခဲ့ရကြောင်း သိရသည်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...