ရွာတွင်း မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များ တွေ့သဖြင့် ဒေသခံများ စိုးရိမ်နေ

ရွာတွင်း မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များ တွေ့သဖြင့် ဒေသခံများ စိုးရိမ်နေ

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအတွင်းတွင် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များ တွေ့ရှိရသဖြင့် ဒေသခံများစိုးရိမ်နေကြသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် အဆိုပါကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများရှိခဲ့ပြီး နေအိမ်တစ်အိမ်လည်း မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောသည်။

“ ရွာထဲမှာ မပေါက်သေးတဲ့ RPG တွေရှိတယ်။ လက်နက်ကျည်ခွံတွေလည်း ရွာထဲမှာပြန့်ကြဲနေတယ်။ ရွာနားမှာတိုက်ပွဲဖြစ်တဲ့နေ့က ဦးမောင်သာနု ဆိုသူအိမ်မှာ လက်နက်ကြီးကျလို့ မီးလောင်သွားတယ်။ ရွာထဲမှာတော့ ရွာသား ၂၀ လောက်ပဲ ကျန်ခဲ့တယ်” ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုအပြင် ရွာထဲတွင် ထိုသို့လက်နက်ကြီးကျည်များ တွေ့ရှိရသဖြင့် ပေါက်ကွဲမှုဖြစ်ပွားမည်ကို စိုးရိမ်၍ ဒေသခံအများစုမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။

“အဲဒီမပေါက်သေးတဲ့ လက်နက်တွေကို ရှင်းပေးစေချင်တယ်” ဟု ရွာသားတစ်ဦးက တောင်းဆိုသည်။

ယင်းကျေးရွာတွင် အိမ်ခြေ (၂၅၀)ကျော်ရှိပြီး လူဦးရေ (၁၀၀၀)ကျော်နေထိုင်ကြသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ပလက်ဝ၊ မင်းပြား၊ ဘူးသီးတောင်၊ ကျောက်တော် စသည့် ရခိုင်ပြည်နယ် မြို့နယ်များတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...