မင်းပြားတိုက်ပွဲ အရပ်သားသုံးဦးဒဏ်ရာရ

မင်းပြားတိုက်ပွဲ အရပ်သားသုံးဦးဒဏ်ရာရ
ဓာတ်ပုံ - ညီညီအောင်
ဓာတ်ပုံ - ညီညီအောင်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်းတံတားအနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် (၉)နာရီကျော်ခန့်က စတင်တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် အရပ်သားသုံးဦး ဒဏ်ရာရရှိသွားသည်။

ငစရိုင်းချောင်း(မြစ်နားရွာ)မှ ဦးမောင်ငြိမ်း (၆၇)နှစ်မှာ ဦးခေါင်းတွင်ကျည်ထိမှန်သွားပြီး နတ်မောက်ကျေးရွာမှ ဦးသံချောင်း (၅၉)နှစ်မှာ ညဘက်ပေါင်တွင် ဒဏ်ရာရရှိသွားသည်။ ထို့ပြင် ဝက်ခေါင်းချောင်းကျေးရွာမှ ဦးကြာထွန်းအောင် (၆၀)နှစ်မှာ ရင်ဘတ်တွင် ဒဏ်ရာရရှိသွားသည်။

“ကျနော်တို့ မင်းပြားကနေစျေးဝယ်ပြီးတော့ပြန်လာတာ။ လမ်းမှာတိုက်ပွဲဖြစ်နေတော့ ကားပေါ်ကဆင်းပြီးတော့ အမ်းသားရွာမုခ်နားမှာရပ်နေကြတယ်။ ကျနော်က မုခ်ဝကို ကာဗာယူပြီး ထိုင်နေတာ။ အဲ့နေရာမှာ ဖုန်မှုန့်တွေကလွှင့်လာတော့ ကျနော်က ရုတ်တရက်ထမိလိုက်တယ်။ အဲဒီအချိန်မှာ ဦးခေါင်းကို ကျည်လာထိတာ” ဟု ဒဏ်ရာရရှိသူ ဦးမောင်ငြိမ်းက ပြောသည်။

ဦးကြာထွန်းအောင်ကို ဒဏ်ရာပြင်းထန်သည့်အတွက် မင်းပြားဆေးရုံမှ တစ်ဆင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီး တခြားသူများမှာ မင်းပြားဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု မင်းပြားဆေးရုံမှ ဒေါက်တာစောမြတ်ထွန်းက ပြောသည်။

“သူကတော့ ဝမ်းဗိုက်ရင်ခေါင်းဝမှာ ဒဏ်ရာတစ်ခုရှိတယ်။ အဲ့ဒဏ်ရာကို ကျနော်တို့က သိပ်မသေချာဘူး။ ခန့်မှန်းလို့မရနိုင်ဘူး။ ကျည်ဆန်တွေ ဘာတွေ ဝင်သွားတာလည်းဖြစ်နိုင်တယ်။ ဒါကြောင့် စိတ်ပူလို့ စစ်တွေကိုပို့လိုက်ရတယ်”ဟု ဒေါက်တာစောမြတ်ထွန်းက ပြောသည်။

ယင်း တိုက်ပွဲကြောင့် ရန်ကုန်-စစ်တွေသွားသည့် ခရီးသည်တင်ယာဉ်များ၊ ခရီးသွားစက်လှေများမှာ ယာယီရပ်နားခဲ့ရသည် ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကြီးကျည်ထိမှန်မှု၊ မိုင်းပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် သေဆုံးသူ (၁၃၀) ကျော်နှင့် ဒဏ်ရာရရှိသူ (၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်) ၏ စာရင်းအ ရသိရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...