အမ်းမြို့နယ်တွင် တပ်မတော်က ဆန်သယ်ခွင့်ပိတ်ထားသဖြင့် ဒေသခံများအခက်တွေ့

အမ်းမြို့နယ်တွင် တပ်မတော်က ဆန်သယ်ခွင့်ပိတ်ထားသဖြင့် ဒေသခံများအခက်တွေ့

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုနှင့် အနီးအနားရှိကျေးရွာပေါင်း (၅၀)ခန့်ကို ဆန် သယ်ခွင့်ပိတ်ပင်ထားသဖြင့် ဒေသခံများအခက်အခဲဖြစ်နေသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများထံက သိရသည်။

ယင်းကျေးရွာများက ဒေသခံများမှာ ကန်းထောင့်ကြီး၊ မင်းပြား၊ မြောက်ဦး စသည့်မြို့နယ်များက တင်ပို့သည့်ဆန်များကို ဝယ်ယူစားသုံးနေရသည်။ သို့သော် ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် ကုန်းလမ်းကဆန်သယ်ခွင့်များကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဆန်ကကျတော့ ကျမတို့ဘက်မှာ မစိုက်ပျိုးဘူး။ အဓိကဆန်မရှိရင် ဘယ်လိုစားမလဲ။ ဟင်းရှိရင်တောင် ထမင်းမရှိရင် ဟင်းတစ်ခုတည်းနဲ့စားလို့မရဘူး။ စားဝတ်နေရေးမှာ အဓိကဆန်လေ။ အဲဒါကြောင့် ဆန်ကို ဆိုင်ကယ်တွေနဲ့တောင် မတင်ရဘူးဆိုရင် ထမင်းငတ်လာနိုင်တယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် ရေလမ်းက ဆန်သယ်ခွင့်များကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာလကပင် တပ်မတော်က ပိတ်ပင်ထားသည်ဟု ဒေသခံများထံက သိရသည်။

“အခုလိုမျိုး စားဝတ်နေရေး ခက်ခဲသွားအောင်ထိ လုပ်တယ်ဆိုတာက မကောင်းဘူးလေ” ဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကိုဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ယင်းကျေးရွာအနီးများတွင် လွန်ခဲ့သည့် ဒီဇင်ဘာလကပင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တစ်ချို့ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...