ရခိုင်တွင် လုံခြုံရေးအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန(၂၀)ကို ပြောင်းရွှေ့စစ်ဆေးမည်

ရခိုင်တွင် လုံခြုံရေးအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန(၂၀)ကို ပြောင်းရွှေ့စစ်ဆေးမည်
တိုက်ပွဲဖြစ်ပွားနေသော မြို့နယ်များမှ ပညာရေးမှူးများ၏ တင်ပြချက်အရ ပြောင်းရွေ့စစ်ဆေးရန် စီစဉ်လိုက်ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေသော မြို့နယ်များမှ ပညာရေးမှူးများ၏ တင်ပြချက်အရ ပြောင်းရွေ့စစ်ဆေးရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

မြတ်ဆွေ — လာမည့် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်ရှိ စာစစ်ဌာန (၂၀)ကို လုံခြုံရေးအရ ယာယီပိတ်ထားမည်ဖြစ်ပြီး လုံခြံုစိတ်ချရသည့်စာစစ်ဌာနများတွင် ပြောင်းရွှေ့စစ်ဆေးသွားမည်ဟု ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသော မြို့နယ်(၉)မြို့နယ်က ပညာရေးမှူးများက တင်ပြလာသောကြောင့် ပြောင်းရွှေ့စစ်ဆေးမည်ဟု ပြည်နယ်ပညာရေးမှူး ဦးသိန်းတင်က ပြောသည်။

“စာစစ်ဌာနဆိုတာဟာ မေးခွန်းတွေထားဖို့နေရာပါ။ ရဲတွေ၊ရဲစခန်းတွေ လုံခြုံရေးတွေများများရှိတဲ့နေရာပေါ့။ တချို့ရဲစခန်းတွေက နေရာရွှေ့ပြောင်းသွားတာတွေရှိတယ်။ ကျနော်တို့မေးခွန်းတွေထားဖို့အတွက် လုံခြံုရေးအခက်အခဲရှိတာကြောင့် အဲ့စာစစ်ဌာနတွေကို လုံခြံုရေးများများရှိတဲ့နေရာကိုပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်ထားပါတယ်” ဟု ၎င်းကဆိုသည်။

မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့က စာစစ်ဌာန (၂၀)ခုကို ပြောင်းရွှေ့စစ်ဆေးသွားမည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

“ကျနော်တို့ စာစစ်ဌာနတွေကိုပြောင်းရွှေ့စစ်ဆေးတာဟာ အဲဒီစာစစ်ဌာနတွေကို ဖျက်သိမ်းရုပ်သိမ်းလိုက်တာမဟုတ်ဘူး။ အဲဒီစာစစ်ဌာနနာမည်နဲ့ပဲ မေးခွန်းတွေကို လုံခြုံတဲ့နေရာမှာထားပြီး စစ်ဆေးတာဖြစ်တယ်။ ကျနော်တို့ဆောင်ရွက်မှုကို ကျောင်းသားမိဘတွေက နားလည်ပေးစေချင်တယ်” ဟု ပြည်နယ်ပညာရေးမှူးက ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမည့် မတ်လ (၁၁)ရက်နေ့မှ (၂၀)ရက်အထိကျင်းပမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ စာစစ်ဌာန (၁၀၇)ခုတွင် ကျောင်းသား၊ကျောင်းသူ (၄၉၀၀၂)ဦး ဝင်ရောက်ဖြေဆိုမည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...