ရခိုင်မြောက်ပိုင်းတွင် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် မွတ်ဆလင်သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ရခိုင်မြောက်ပိုင်းတွင် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် မွတ်ဆလင်သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ဖဒူ ထွန်းအောင်၊ ချလူးအောင် — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရေချမ်းပြင်မွတ်ဆလင်ကျေးရွာထဲသို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နေ့လယ် ၃ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ သေဆုံး၊ဒဏ်ရာရရှိသွားသူများမှာ မိသားစုဝင်များဖြစ်ကြပြီး တစ်အိမ်တည်းတွင် နေထိုင်ကြသူများဖြစ်သည်။ ၎င်းတို့နေ့လယ်ထမင်းစားနေစဉ် လက်နက်ကြီးကျည် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဖြစ်သည်ကို မသိရှိဟု ရွာတာဝန်ခံ ဟူဆော်အာမတ်က DMG ကို ပြောသည်။

“တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဘယ်ကပစ်တယ်ဆိုတာလဲမသိဘူး။ သူတို့ ဘာမှလည်းမလုပ်ဘဲ ခုလိုဖြစ်သွားတော့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ၎င်းကဆိုသည်။

သေဆုံးသူများမှာ ဖာတေမာခါတူ(၄၇)နှစ်၊ ရှော်ဟီဒူလာ(၁၇)နှစ်၊ အာစ်မာဂျီဂေါရ်(၁)နှစ် နှင့် ဒဏ်ရာရရှိသူများမှာ ဆော်လိမာခါတူ(၂၂)နှင့် အဘူဆူဖီအာန်(၁၅)နှစ်တို့ဖြစ်သည်။ အဘူဆူဖီအာန်မှာ ခါးတွင်ဒဏ်ရာရရှိသွားပြီး ဆော်လိမာခါတူတွင် ရင်ဘတ်တွင် ဒဏ်ရာရရှိသွားသောကြောင့် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဒေသခံများထံက သိရသည်။

ယခုကဲ့သို့ သေဆုံး၊ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သောကြောင့် ရွာသားများစိုးရိမ်နေကြပြီး လုံခြုံမှုမရှိဟု ခံစားနေရသည်ဟု ရွာတာဝန်ခံက ပြောသည်။

“ကျနော်တို့အတွက် လုံခြုံမှုမရှိဘူး။ လက်နက်ကြီးတွေ ပစ်နေတယ်၊ ရွာထဲမှာလည်းကျတယ်။ ရွာနားမှာလည်းကျတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA)တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုအရေအတွက် မြင့်တက်နေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...