ကျောက်တော်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရ

ကျောက်တော်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၄ နာရီခန့်က လက်နက်ကြီးကျည်ထိမှန်သဖြင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒဏ်ရာရရှိသူမှာ အသက် ၅၀ နှစ်အရွယ် ဒေါ်ဦးကျော့စိန်ဖြစ်ပြီး မိမိဥယျာဉ်ထဲမှာရှိနေစဉ် လက်နက်ကြီးကျည် ထိမှန်သွားသဖြင့် ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက DMG ကိုပြောသည်။

“သူမက သူ့ဥယျာဉ်ထဲကိုသွားတယ်။ လက်နက်ကြီးပစ်လို့ သစ်ပင်အောက်မှာနေတဲ့အခါ လက်နက်ကြီးကျည်ထိသွားတာ။ ခြေထောက်တစ်ဖက်က ပြတ်ထွက်သွားတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ဒဏ်ရာရရှိသူကို ကျေးရွာအတွင်းသို့ခေါ်ဆောင်ထားပြီး ဆေးရုံသို့ပို့ဆောင်ရန် အခက်အခဲများရှိနေသည်။

“ခြေပြတ်သွားတယ်ဆိုတော့ ဒဏ်ရာကစိုးရိမ်ရတယ်ပေါ့။ ဒီမှာက ကျန်းမာရေးဌာနလည်းမရှိဘူး။ မြို့ပေါ်ကိုပို့ဖိုအတွက်လည်း ကျနော်တို့မှာ လမ်းကြောင်းမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

တင်းမကျေးရွာနှင့် ၂ ဖာလုံခန့်ဝေးကွာသည့် တောင်တန်းတစ်နေရာတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၁၀)ရက်ခန့်ကြာမြင့်နေပြီဖြစ်ကာ တပ်မတော်ဘက်က လက်နက်ကြီးပစ်ကူများ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံများထံက သိရသည်။

ထိုသို့ ကျေးရွာအနီးတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသဖြင့် ဒေသခံများ၏ အသက်အန္တရာယ်စိုးရိမ်မှုရှိနေပြီး စားရေးသောက်ရေးလည်း အခက်အခဲဖြစ်နေသည်ဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲပြင်းထန်နေပြီး အရပ် သားထိခိုက်မှုလည်း ပိုမိုမြင့်မားနေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...