ယခုနှစ် ချင်းအမျိုးသားနေ့ ပွဲတော် ခမ်းပတ်မြို့တွင် တိုင်းအဆင့် ကျင်းပမည်

ယခုနှစ် ချင်းအမျိုးသားနေ့ ပွဲတော် ခမ်းပတ်မြို့တွင် တိုင်းအဆင့် ကျင်းပမည်

လားနွန် – လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခမ်းပတ်မြို့တွင် တိုင်းဒေသကြီးအဆင့်အနေဖြင့် ကျင်းပမည်ဟု သိရသည်။

ချင်းအမျိုးသားနေ့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်၊ ကလေးမြို့ ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ခစယ) အတွင်းရေးမှူး ဦးလျန်ထောင်းက “ကျနော်တို့ (၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့က စပြီးတော့မှ ကလေးမြို့မှာ ကျင်းပလာခဲ့တယ်၊ (၇၀) နှစ်မြောက်ကို တမူးမှာ ကျင်းပတယ်။ (၇၁) ကြိမ်မြောက်ကို ကျနော်တို့တစ်ခါ ကလေးမှာ ပြန် ကျင်းပတယ်။ အခု (၇၂) ကြိမ်မြောက်ကို ခမ်းပတ်မှာ ပြန်ကျင်းပမယ်၊ ကျနော်တို့ အလှည့်ကျပေါ့ဗျာ။ အလှည့်ကျပုံစံမျိုးနဲ့ အားလုံး ညီတူညီမျှပေါ့နော်။ အဲဒီပွဲကျင်းပနိုင်ရေးအတွက် ကျနော်တို့က ပူးပေါင်းပြီးမှ လုပ်တာပါ” ဟု ပြောသည်။

အဆိုပါအခမ်းအနားကို ခမ်းပတ်မြို့ အမှတ် (၂) ရပ်ကွက်ဘောလုံးကွင်းတွင် ဖေဖော်ဝါရီလ ၁၉ မှ ၂၀ ရက်နေ့အထိ (၂) ရက်တာကျင်းပမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် ဝန်ကြီးများလည်း တက်ရောက်ကြမည်ဟု သိရသည်။

ပွဲတော်အတွက် ဘတ်ဂျက် လျာထားချက်မှာ ကျပ်ငွေ သိန်း (၂၀၀) ခန့်ရှိသည်ဟု သိရသည်။ အခမ်းအနားတွင် ချင်းမျိုးနွယ်စုအသီးသီး၏ ရိုးရာယဉ်ကျေးမှုအကများ၊ အားကစားပြိုင်ပွဲများစွာ ပါဝင်မည်ဖြစ်ပြီး ညခင်းဘက်တွင်လည်း နိုင်ငံကျော် ချင်းအဆိုတော်များဖြင့် ဖျော်ဖြေကြမည်ဟု သိရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...