ရခိုင်စစ်ဘေးရှောင်များ၏ ပညာရေးအခက်အခဲများကို NRPC ထံ တင်ပြမည်

ရခိုင်စစ်ဘေးရှောင်များ၏ ပညာရေးအခက်အခဲများကို NRPC ထံ တင်ပြမည်

ရခိုင်စစ်ဘေးရှောင်စခန်းများက ကျောင်းသား၊ကျောင်းသူများ၏ ပညာရေးအခက်အခဲများကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ထံ တင်ပြသွားမည်ဟု စစ်တွေတက္ကသိုလ် လူငယ်ငြိမ်းချမ်းရေးသံတမန်များထံက သိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်တွေတက္ကသိုလ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၏ လမ်းညွှန်ချက်ဖြင့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့သည်။ ယင်းဆွးနွေးပွဲတွင် “ပဋိပက္ခနယ်မြေမှာနေထိုင်တဲ့ လူငယ်တွေရဲ့ ပညာရေးအခက်အခဲတွေကို ဘယ်လို ဖြေရှင်းကြမလဲ”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် စစ်ဘေးရှောင်စခန်းများသို့ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများ၏ အခက်အခဲများ၊ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် ပညာသင်ကြားပေးနေသည့် ဆရာ၊ဆရာမများ၏ လုံခြုံရေးအခြေအနေများအပါအဝင် ဘုံသဘောတူညီချက်သုံးချက်ထွက်ပေါ်ခဲ့ပြီး ယင်းအချက်များကိုတင်ပြသွားမည်ဟု စစ်တွေတက္ကသိုလ် လူငယ်ငြိမ်းချမ်းရေးသံတမန် ဆလိုင်းထွန်းလှကျော်က ပြောသည်။

“စစ်ဘေးရှောင်စခန်းကိုရောက်ရှိနေကြတဲ့ ကျောင်းသားတွေရဲ့ အခက်ခဲတွေ၊ နောက်ပြီးတော့ ပဋိပက္ခဖြစ်ပွားရာ ဧရိယာထဲမှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ လုံခြုံမှု၊ ပြီးတော့ အဲဒီဒေသမှာ ပညာသင်ကြားနေကြတဲ့ ဆရာ/မတွေရဲ့လုံခြုံမှုအခြေနေတွေ၊ တိုက်ပွဲဖြစ်ပွားတဲ့ဒေသကလူတွေဟာ စီးပွားရေးအခက်ခဲတွေဖြစ်နေရင် သူတို့ရဲ့စားနပ်ရိက္ခာ သက်မွေးဝမ်းကျောင်းလုပ်လို့မရတဲ့အတွက် နစ်နာမှုတွေရှိတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်လူငယ်များ၏ ခံစားချက်များကို သိစေချင်သည့်အတွက် NRPC သို့တင်ပြသွားမည်ဟု စစ်တွေတက္ကသိုလ် အမျိုးသမီးလူငယ် ငြိမ်းချမ်းရေးသံတမန် မဆုမြတ်ကေသီခိုင်က ဆိုသည်။

“အခုဆွေးနွေးခဲ့တဲ့ လူငယ်တွေရဲ့ ခံစားချက်၊ ငြိမ်းချမ်းရေးအပေါ်မှာ ဘယ်လိုမျှော်မှန်းထားလဲဆိုတဲ့ အသံကို သိစေချင်လို့ (NRPC) သူတို့ဆီရောက်အောင် တင်ပြတာပါ။ ဒီဒေသမှာ ဒီလိုမျိုးဖြစ်နေတာကို သူတို့မသိဘူး။ ဒါကြောင့် သိအောင်တင်ပြရတာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိနေပြီး ယင်းအထဲတွင် ကျောင်းသား၊ကျောင်းသူများလည်း ပါဝင်နေပြီး တစ်ချို့မှာ ပညာသင်ကြားရေးပိုင်းမှာ အခက်အခဲရှိနေကြသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...