ကျောင်းသားသေဆုံးမှု ဆေးရုံတာဝန်ရှိသူများကို အရေးမယူလျှင် ဆန္ဒဖော်ထုတ်မည်ဟု ဆို

ကျောင်းသားသေဆုံးမှု ဆေးရုံတာဝန်ရှိသူများကို အရေးမယူလျှင် ဆန္ဒဖော်ထုတ်မည်ဟု ဆို

Salai Khup Khup - ဆိုင်ကယ်မတော်တဆမှုကြောင့် ကလေးမြို့ ပြည်သူ့ဆေးရုံတွင် သေဆုံးသွားသည့် ကျောင်းသား တာန်ဒါလ်မွန်းမာန်ကိစ္စနှင့်ပတ်သက်ပြီး ဆေးရုံတာဝန်ရှိသူများကို အရေးယူပေးရန် တက္ကသိုလ် ကျောင်းသားအဖွဲ့ (၁၆)ဖွဲ့မှ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး သတ်မှတ်ရက်အတွင်း အရေးယူမှု မပြုလုပ်ပါက ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

Chin Student Union ဥက္ကဌ ဗန်ရိုထန်းက “ထုတ်ပြန်ချက် ထုတ်ပြန်အပြီး ငါးရက်အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာန တစ်ခုခုကနေ အကြောင်းပြန်တာ တစ်ခုခုမှ မရှိရင် ကလေးမြို့မှာ ရှိတဲ့သူတွေတင်မကဘဲ တက္ကသိုလ်ကျောင်း သူကျောင်းသား အားလုံးပေါင်းပြီး ဆန္ဒဖော်ထုတ်တဲ့အထိ ရှေ့ဆက်မယ်”ဟု ပြောသည်။

နည်းပညာတက္ကသိုလ်၊ ဇိုမီးကျောင်းသားခေါင်းဆောင်ဟောင်း တာန်ဒါလ်မွန်းမာန် သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ကလေးမြို့ပြည်သူ့ဆေးရုံမှ ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ထို အခမ်းအနားတွင်လည်း ဆရာဝန်များဖက်မှ ဖြေရှင်းချက်များတွင် လူနာကို ဂရုစိုက်မှုမရှိသည့် အနေအထားများ ထပ်မံ ပေါ်လွင်နေသည့်အပေါ် နောက်တစ်နေ့တွင် ချင်းတက္ကသိုလ် ကျောင်းသား(၁၆)ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

FPTP ဥက္ကဌ ဆလိုင်းဟင်နရီ ဘွေလျန်ဘိခ်က “ သဘောထားထုတ်ပြန်တဲ့ ကျောင်းသားအဖွဲ့ တစ်ဖွဲ့ချင်းစီက ခေါင်းဆောင်တစ်ဦးစီနဲ့ကော်မတီလည်း ဖွဲ့ထားတယ်။ ကျွန်တော်တို့ သဘောထားထုတ်ပြန်တဲ့အတိုင်း အရေးယူမှုတွေ မရှိလာဘူးဆိုရင် ဒီကော်မတီက ဦးဆောင်ပြီး ဆက်ပြီး လှုပ်ရှားမှုတွေ လုပ်သွားဖို့ရှိတယ်” ဟုပြောသည်။

တာန်ဒါလ်မွန်းမာန်သည် ဇန်နဝါရီလ (၂၆) ရက် ည (၁၁) နာရီဝန်းကျင်က မြို့မစျေးကွေ့အနီး လမ်းမပေါ်တွင် ဆိုင်ကယ် မတော်တဆ ဖြစ်ပွားကာ ကလေးပြည်သူ့ဆေးရုံကြီးတွင် ရောက်ရှိပြီး နောက်နေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဆေးရုံသို့ရောက်ရှိချိန်နှင့် အသက်မသေဆုံးခင်အချိန်များတွင် ဆေးရုံမှ တာဝန်ကျသူများက လူနာကို ကောင်းမွန်စွာ မပြုစုခြင်းကြောင့် အသက်သေဆုံးရခြင်းဖြစ်ကြောင်း ချင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့အစည်း(၁၆) ဖွဲ့က ပူးတွဲသဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံတာဝန်ရှိသူများကို သဘောထားထုတ်ပြန်သည့်နေ့မှစပြီး ငါးရက်အတွင်း အရေးယူပေးရန်လည်း တောင်းဆိုထားကြသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...