တိုက်ပွဲကြောင့် ရသေ့တောင်က ရွာနှစ်ရွာတွင် ဒေသခံ(၅၇)ဦးခန့် ပိတ်မိနေ

တိုက်ပွဲကြောင့် ရသေ့တောင်က ရွာနှစ်ရွာတွင် ဒေသခံ(၅၇)ဦးခန့် ပိတ်မိနေ

အောင်ထိန် - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောအုပ်စု ကုလားချောင်းကျေးရွာနှင့် မညင်းတောင်ကျးရွာတွင် ဒေသခံ (၅၇)ဦး ခန့်ပိတ်မိနေသည်ဟု မိသားစုဝင်များထံက သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ညနေ ၅ နာရီခန့်က ကုလားချောင်းကျေးရွာနှင့် မညင်းတောင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ကြောက်လန့်ထွက်ပြေးရာတွင် အဆိုပါဒေသခံများ ပိတ်မိကျန်ရှိလိုက်ခြင်း ဖြစ်သည်။

ပိတ်မိနေသူများမှာ  ကလေးငယ်များပါဝင်နေသဖြင့် အမြန်ဆုံး ကယ်ထုတ်နိုင်ရန်အတွက် ICRC နှင့် လွှတ်တော်ကိုယ်စားလှယ်များကို အကြောင်းကြားထားသည်ဟု ပြိန်းတောကျေးရွာက ရွာလူကြီးတစ်ဦးက ပြောသည်။

“ကျနော်တို့မနေ့က ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့အတွက် အကူအညီတောင်းခဲ့တယ်။ သူတို့က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ကြိုးစားပြီး ကယ်ထုတ်ပေးမယ်လို့ပြောတယ်” ဟု ၎င်းကပြောသည်။

လက်ရှိကုလားချောင်းကျေးရွာအတွင်းတွင်  အင်အား ၂၀၀ ကျော်ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခု ရောက်ရှိနေပြီး ပိတ်မိနေသူများ၏ လုံခြုံရေးအအတွက် စိုးရိမ်သည်ဟု လုံခြံုရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

 “ရွာထဲမှာကျန်နေခဲ့တဲ့ မိသားစုဝင်တွေအတွက် အရမ်းစိုးရိမ်တယ်။ သူတို့တွေရဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါကျေးရွာအနီးတို့တွင် ယနေ့လည်း တိုက်ပွဲဖြစ်ပွားမှုများရှိနေသဖြင့် ပိတ်မိနေသူများအတွက် စိုးရိမ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်ကာ စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာပြီး စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...