ပလက်ဝမြို့နှင့် ရခိုင်မြောက်ပိုင်းတွင် အင်တာနက်လိုင်း ထပ်မံ ပိတ်ပင်ခံရ

ပလက်ဝမြို့နှင့် ရခိုင်မြောက်ပိုင်းတွင် အင်တာနက်လိုင်း ထပ်မံ ပိတ်ပင်ခံရ

Salai Khup Khup — ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း (၄)မြို့နယ်တို့တွင် အင်တာနက်လိုင်း များကို အစိုးရက ဖေဖော်ဝါရီ ၄ ရက်တွင်စပြီး ဒုတိယအကြိမ် ထပ်မံ ပိတ်လိုက်သည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ မိုဘိုင်းတယ်လီဖုန်းများကို ယာယီပိတ်ထားရန် ညွှန်ကြားချက်အရ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း Telenor ဆက်သွယ်ရေးလိုင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပလက်ဝမြို့ဒေသခံ ဦးဘူးထန်ပိုင်က “ဒီနေ့မနက်အစောပိုင်းလောက် ကနေ စပြီးအင်တာနက်လိုင်း မရတော့ဘူး။ MPT ကပို့ထားတဲ့ မက်ဆေ့တော့ တွေ့တယ်။ အင်တာနက်လိုင်း အဆင်မပြေတာကြောင့် စိတ်မကောင်းပါဘူး ဆိုတဲ့ မက်ဆေ့ချ်တွေတော့ တွေ့တယ်။ ငွေလွှဲတွေမှာ မြန်မာ့စီးပွားရေး ဘဏ်တွေက ခက်ခဲတော့ Wave Money တို့ KBZ Pay တို့ကနေ ငွေလွှဲတာတွေရှိတယ်။

အခုအင်တာနက်လည်း မရတော့ဘူး ဆိုတော့ ငွေလွှဲ ငွေထုတ်တွေမှာ အခက်အခဲဖြစ်တော့မယ်။ စီးပွားရေး ဘဏ်တစ်ခုတည်းပဲ အားကိုးရတော့မှာ။ ပြည်ပအဆက်အသွယ်တွေမှာလည်း အခက်အခဲအများကြီး ကြုံတွေ့ရတော့ မှာဖြစ်တယ်”ဟုပြောသည်။

ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် Telenor အပါအဝင် Ooredoo၊ Mytel နှင့် MPT တို့မှ အင်တာနက် ဝန်ဆောင်မှုကို ဖေဖော်ဝါရီ (၃) ရက်နေ့ ည(၁၀) နာရီအချိန်က စပြီး ပိတ်လိုက်ကြောင်း သိရသည်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် အင်တာနက်လိုင်း ဖြတ်တောက်တော့မည့်အကြောင်း ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဆက်သွယ်ရေး ကုမ္ပဏီအချို့၏ အသိပေး အကြောင်း ကြားသည့် မက်ဆေ့များ ရောက်လာကြောင်း သိရသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော် တို့အကြား တိုက်ပွဲများဖြစ်ပွားသည့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြို့နယ် ၈ ခုကို ၂၀၁၉ ဇွန်လကတည်းက အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ ပြန်ဖွင့်ခဲ့ပြီးနောက် ယခု ထပ်မံ အင်တာလိုင်းများကို ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြန်လည်ဖြတ်တောက်ထားပြီး ဖုန်းပြောဆိုမှုကိုသာ ဖွင့်ထားကြောင်း သိရသည်။

ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...