ရသေ့တောင်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်

ရသေ့တောင်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်

မြတ်ဆွေ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာအနီးတောင်ကုန်းနှှင့် လယ်ကွင်းပြင်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့  ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီမှ ည ၃ နာရီအထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

အင်အား (၁၀၀)ကျော်ရှိသော တပ်မတော်စစ်ကြောင်းတစ်ခု အမျက်တောင်ကျေးရွာဘက်မှ ထွက်လာပြီးနောက် ရွာနှင့်မိုင်ဝက်အကွာတောင်ကုန်းနှင့် လယ်ကွင်းပြင်များတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက တော်တော်လေးပြင်းထန်ပါတယ်။ ၄ နာရီလောက်ကြာမှ ရပ်တန့်သွားတယ်။ ကျနော်တို့ ဒီလိုတိုက်ပွဲမျိုး တစ်ခါမှမတွေ့ဖူးသေးဘူး။ ရှိလည်းမရှိဖူးသေးဘူး။ ဘာလိုလဲဆိုတော့ နေ့ခင်းကြောင်တောင် ပစ်ခတ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့” ဟု ယင်းဒေသခံက ပြောသည်။

နှစ်ဖက်စလုံး လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး ငစံဘော်၊ ကျောက်ရံနှင့် အမျက်တောင်ကျေးရွာသို့ ကျည်ဆန်များကျရောက်ခဲ့သည်ဟု ရသေ့တောင်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ရသေ့တောင်မှာတော့ တိုက်ပွဲမဖြစ်တာ တစ်ပတ်လောက်ရှိပြီ။ ဒီနေ့တော့ တိုက်ပွဲဖြစ်တယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။

ယင်းရွာအနီးတွင် လွန်ခဲ့သည့် လေးလခန့်က တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သောကြောင့် လက်ရှိ ကျေးရွာတွင် ဒေသခံများနေထိုင်ခြင်းမရှိပေ။ အလားတူ ငစံဘော်၊ ညောင်ပင်လှ၊ မညင်းတောင်၊ ကျောက်ရံကျေးရွာတို့တွင်လည်း ရွာစောင့်အဖြစ် ကျန်လိုက်သည့် သက်ကြီးရွယ်အိုနှင့် အမျိုးသမီးကြီးများကလွဲပြီး တခြားသူများနေထိုင်ခြင်းမရှိဟု ဦးခင်မောင်လတ်ထံက သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့်အခက်အခဲများ ရှိနေကြသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...