ယူနက်စကို အဆိုပြုလွှာ တင်ပြီးနောက် မြောက်ဦးတွင် သေနတ်သံ တိတ်ဆိတ်

ယူနက်စကို အဆိုပြုလွှာ တင်ပြီးနောက် မြောက်ဦးတွင် သေနတ်သံ တိတ်ဆိတ်
ဓာတ်ပုံ - ချမ်းအေး
ဓာတ်ပုံ - ချမ်းအေး

 

မျိုးသီရိကျော် — မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်နိုင်ရေးအတွက် အပြီးသတ် အဆိုပြုလွှာတင်ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ မကြားရတော့ဟု ဒေသခံများက ပြောဆိုကြသည်။

“ဟိုးအရင် တိုက်ပွဲစဖြစ်ခါစတုန်းကတော့ နေ့တိုင်း ပစ်နေတဲ့အမြှောက်သံတွေကို ကြားရတယ်။ ဒါပေမယ့် ၂၇ ရက်မတိုင်ခင်မှာ နည်းနည်းကျဲလာတယ်။ ၂၇ ရက်နောက်ပိုင်းမှာတော့ လုံးဝမကြားရတော့ဘူး” ဟု အမည်မဖော်လိုသည့် မြောက်ဦးဒေသခံတစ်ဦးက ဆိုသည်။

ယခင်က လက်နက်ကြီးများပစ်ခတ်မှုအရှိန်ကြောင့် ရှေးဟောင်းဘုရားပုထိုးများ အက်ကွဲမှုများရှိခဲ့ပြီး လက်နက်ကြီးကျည် ထိမှန်မှုများကြောင့်လည်း ရှေးဟောင်းဘုရားပုထိုးများ ပျက်စီးမှုများရှိခဲ့သည်။

“ကိုးသောင်းပုထိုးတော်ကြီးဆိုရင် လက်နက်ကြီးပစ်နေတဲ့အရှိန်ကြောင့် ပြီးခဲ့တဲ့ဆောင်းဝင်စလောက်ကတည်းက နံရံတွေအက်ကွဲတာတွေ၊ ရှေးခေတ်လက်ရာတွေ ပြိုပျက်တာတွေဖြစ်ခဲ့တယ်။ အရင်ကဆိုလည်း လက်နက်ကြီးကျည်ဆံတွေကျလို့ စေတီပုထိုးတော်အချို့ ပျက်စီးမှုတွေရှိခဲ့တယ်” ဟု မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောသည်။

မြောက်ဦးမြို့နယ်တွင် ယခင်လများက တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြသည်။ ယခုရက်ပိုင်းအတွင်း ပလက်ဝ၊ ဘူးသီးတောင်နှင့် မြေပုံမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း မြောက်ဦးမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသည်ကို AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြောက်ဦးမြို့နယ်အတွင်းတွင် ရှေးဟောင်းဘုရားပုထိုး၊ စေတီများပျက်စီးမှုများရှိနေပြီး တိုက်ပွဲဖြစ်ပွားမှုများရှိနေလျှင် ယူစနက်ကိုဝင်ရန်အတွက်အခက်အခဲရှိသောကြောင့် မြောက်ဦးဒေသတွင် တိုက်ပွဲမဖြစ်ပွားကြရန် ဒေသခံများနှင့်လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုနေကြသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...