အမ်းမြို့နယ်တွင် ဝက်သက်ရောဂါဖြစ်နေသည့် ကလေး (၇၀)အနက် ထက်ဝက်ခန့်သက်သာလာပြီ

အမ်းမြို့နယ်တွင် ဝက်သက်ရောဂါဖြစ်နေသည့် ကလေး (၇၀)အနက် ထက်ဝက်ခန့်သက်သာလာပြီ

နှင်းနွယ် — ရခိုင်ပြည်နယ် အမ်းမြို့နယ် သလူမော်ကျေးရွာတွင် ကလေး (၇၀)ကျော်ခန့် မျက်နှာများတွင် အနီစက်များထွက်ကာ ဖျားနာနေသဖြင့် ကျန်းမာရေးဌာနက ဆေးကုသမှုပြုလုပ်ရာတွင် ကလေးစုစုပေါင်း (၃၀)ကျော်ခန့် ကျန်းမာရေးကောင်းမွန်လာပြီဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက DMG သို့ ဇန်နဝါရီ လကုန်ရက်တွင် ပြောသည်။

ယင်းကျေးရွာသို့ ဇန်နဝါရီလ ၂၈ ရက်နေ့က ပြည်နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းပြီး ကလေးများကို ဝက်သက်ကာကွယ်ဆေးထိုးခြင်း၊ ကာကွယ်ဆေးတိုက်ခြင်းများ ပြုလုပ်ပြီးနောက် ထက်ဝက်ခန့်သက်သာလာခြင်း ဖြစ်သည်။

“ကာကွယ်ဆေးထိုးပြီးကတည်းက ထပ်ဖျားတာတွေမရှိဘူး။ ဖျားနေတဲ့ကလေးတွေထဲက တဝက်လောက်တော့ သက်သာသွားပါပြီ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

အစောပိုင်းတွင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများသည် ဖျားနာနေသည့် ကလေးများကို “ဝက်သက်သံသယလူနာ” ဟုသတ်မှတ်ခဲ့သည်။ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကလေး(၉)ယောက်၏ သွေးနမူနာများကိုယူပြီး ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပို့ဆောင်ခဲ့သည်။ ယင်းနောက် ၎င်းတို့အားလုံးသည် ဝက်သက်ရောဂါဖြစ်ပွားနေခြင်းဟု ရလဒ်ထွက်ပေါ်လာခြင်းဖြစ်သည်။

“ကူးစပ်ပုံ ကူးစပ်နည်းအရ အဲဒီရွာမှာဖြစ်တဲ့ဟာသည် ဝက်သက်၊ ဝက်သက်ကြောင့်ဖြစ်တဲ့ဟာပါ” ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

သလူမော်ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့ကစတင်ကာ ကလေးများသည် မျက်နှာများတွင် အနီကွက်ပေါ်ထွက်ခြင်းများ ရှိနေပြီး ချောင်းဆိုးဖျားနာကြသည်။ ယင်းအထဲမှ လူနာ(၄)ဦးကို ကျောက်ဖြူခရိုင် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဝက်သက်သံသယလူနာများဟု ဆေးရုံက သတ်မှတ်ခဲ့သည်။ ယင်းလေးဦးအနက် အသက် (၁၅)နှစ်အရွယ် တစ်ဦး သေဆုံးသွားသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...