မြွေတောင် သတ္တုတူးဖော်ခွင့်ရရှိရေး ထောက်ခံပေးရန် ကျေးရွာခေါင်းဆောင်အချို့အား ကုမ္ပဏီက ငွေကြေးလက်ဆောင်ပေးမှု ရှိနေဟု ဆို

မြွေတောင် သတ္တုတူးဖော်ခွင့်ရရှိရေး ထောက်ခံပေးရန် ကျေးရွာခေါင်းဆောင်အချို့အား ကုမ္ပဏီက ငွေကြေးလက်ဆောင်ပေးမှု ရှိနေဟု ဆို

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ် တွင်ရှိသည့် မြွေတောင်သတ္တုတူးဖော်ခွင့် ရရှိရန် ဒေသခံလူအနည်းစုကို ငွေကြေးပေးပြီး ထောက်ခံချက် တောင်းနေသည့် ကုမ္ပဏီများရှိနေကြောင်း မြွေတောင်နှင့် ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ Mang Za khup ကပြောသည်။

Mang Za Khupက “ကုမ္ပဏီမှ ဒေသခံကျေးရွာ ခေါင်းဆောင်တွေကို ခေါ်တယ်။ ဒေသခံ ကျေးရွာအားလုံး လည်းမဟုတ်ဘူး။ တစ်ရွာနှစ်ရွာလောက်က ခေါင်းဆောင်တွေကို ခေါ်ပြီးတော့ ပိုက်ဆံတွေ လက်ဆောင် ပစ္စည်းတွေပေးပြီးမှ ဒေသခံ သဘောထားချက် ထောက်ခံပေးပါ သဘောနဲ့ ငွေပေးပြီး လုပ်တာဖြစ်တယ်။ ကုမ္ပဏီလုပ်ပုံက တစ်ရွာနဲ့တစ်ရွာ စိတ်ဝမ်းကွဲအောင် လုပ်သလိုဖြစ်တယ်။ အခုလိုပိုက်ဆံပေးပြီး ထောက်ခံချက်နဲ့ အစိုးရဆီက ခွင့်ပြုချက်တောင်းတာကို အစိုးရက ခွင့်ပြုရင် ကျတော်တို့ကတော့ လုံးဝကန့်ကွက်တယ်။ ထောက်ခံချက်ကလည်း လူအနည်းစုက ထောက်ခံတာ လုံးဝ သဘောမတူပါဘူး”ဟုပြောသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်သတ္တု တူးဖော်နိုင်ရန် ရန်ကုန်မြို့တွင် အခြေစိုက်သည့် မြန်မာသီဟကုမ္ပဏီမှ ချင်းပြည်ဖက်ရှိ ကျေးရွာများကို တွေ့ဆုံခြင်း မပြုလုပ်ဘဲ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းရှိ ကျေးရွာခေါင်းဆောင် အချို့ကိုသာခေါ်ပြီး ငွေနှင့်လက်ဆောင်ပေးခြင်းများ ပြုလုပ်သည့်အပေါ် နောင်တွင်တစ်ရွာနှင့် တစ်ရွာ စိတ်ဝမ်းကွဲပြီး ပြဿနာများ နောက်ပိုင်းတွင် ဖြစ်နိုင်ကြောင်းလည်း Mang Za Khup ကပြောသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်အကြားရှိ မြွေတောင် အနီးနားတွင် ဒေသခံ ကျေးရွာပေါင်း (၁၆) ရွာ တည်ရှိကြောင်းနှင့် သတ္တုတူးဖော်ခွင့် ရရှိရန် မြန်မာသီဟကုမ္ပဏီမှ အစိုးရတွင် ခွင့်ပြုချက် တောင်းဆိုရန် ပြင်ဆင်နေဆဲ ကာလဖြစ်ကြောင်းလည်း သိရှိရသည်။

Mang Za khup က “အစိုးရဖက်ကနေ အများလက်ခံနိုင်တဲ့ ခိုင်မာတဲ့ဥပဒေတွေ လုပ်ထုံးလုပ်နည်း အများက လက်ခံနိုင်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ တိတိကျကျ သိရပြီးမှ အကောင်ထည်ဖော်စေချင်တယ်။ ဒေသခံဖက်ကနေ ရလာနိုင်တဲ့ အကျိုးနဲ့ ဆိုးကျိုးက ဘယ်လိုရှိမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနေဖို့လိုပါတယ််”ဟုပြောသည်။

ဦးသိန်းစိန်လက်ထက်ကလည်း North Mining Investment Company မှတူးဖော်ရန်ကြိုးစားခဲ့သော်လည်း ပတ်ဝန်းကျင်နှင့်လူမှုထိခိုက်မှုဆန်းစစ်လေ့လာတွေ့ရှိချက်အရ ကြီးမားသော ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ကုမ္ပဏီ၏ ပြင်ဆင်မှုများအပေါ် နည်းပညာအားနည်းချက်ကြောင့် အစိုးရမှ တရားဝင် ရပ်ဆိုင်း ကြေညာခဲ့သည်။

ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...