အိန္ဒိယနိုင်ငံ ကူညီမှုဖြင့် ကျပ်သိန်း ၁၅၀၀ ကုန်ကျခံကာ ဖလမ်းမြို့တွင် ချင်းရိုးရာအိမ် တည်ဆောက်မည်

အိန္ဒိယနိုင်ငံ ကူညီမှုဖြင့် ကျပ်သိန်း ၁၅၀၀ ကုန်ကျခံကာ ဖလမ်းမြို့တွင် ချင်းရိုးရာအိမ် တည်ဆောက်မည်

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ချင်းရိုးရာအိမ်ကို အိန္ဒိယနိုင်ငံ၏ ထောက်ပံ့မှုဖြင့် ကျပ်သိန်းပေါင်း ၁၅၀၀ အကုန်ကျခံကာ တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဖလမ်းချင်းလူမှုကူမှုကူညီရေးအသင်း ဥက္ကဌ Pu Suan Za Tuang က “ကျွန်တော်တို့ အဆောက်အဦးအတွက် ပန္နက်ရိုက်ထားပြီးပြီ၊ ဒါပေမဲ့ ဘယ်ချိန်အတိအကျ လုပ်ငန်းစမလဲဆိုတာကတော့ ပြောလို့မရသေးဘူး၊ ဆောက်လုပ်ဖို့ကတော့ အဆင်သင့်ရှိနေပြီ၊ လုပ်ငန်းတာဝန်ယူမယ့်သူတွေနဲ့ မတွေ့သေးလို့ ဖြစ်တယ်၊ ဆောက်လုပ်ဖို့ ကုန်ကြမ်းတွေတော့ ရောက်ပြီ” ဟု ပြောသည်။

အဆိုပါ ချင်းရိုးရာအိမ်ကို Dr. Run Bik ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးသို့ အစီရင်ခံရန်ပုံငွေတောင်းခံခဲ့ကြောင်း Dr. Run Bik ကေပြာသည်။

Dr. Run Bik က “ဒီကိစ္စဖြစ်မြောက်ရေးအတွက် ၂၀၁၇ ကတည်းက ကျွန်တော်စလုပ်ခဲ့တာပါ၊ လိုအပ်တဲ့ အင်ဂျင်နီယာဆွဲပေးဖို့ကိုလည်း ကိုယ့်အိတ်စိုက်နဲ့ ကျွန်တော်စတင်ခဲ့တာ၊ ပြီးတော့အစိုးရထောက်ခံပေးမှုလိုတော့ ဖလမ်းလူမှုရေးအသင်းက ထောက်ခံပေးကြတယ်၊ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တစ်နှစ် ဒေါ်လာ ၅ သန်းထဲကေန စတုတ္ထသုတ်အနေနဲ့ ကူညီပေးတာပါ” ဟု ပြောသည်။

အိန္ဒိယနိုင်ငံကူညီမှုဖြင့် ဖလမ်းမြို့တွင် တည်ဆောက်မည့် ချင်းရိုးရာအိမ်ကို သုံးထပ်ဖြင့်တည်ဆောက်သွားမည်ဖြစ်ပြီး ပထမထပ်အကျယ်ပေ ၁၂×၄၀ ၊ ဒုတိယထပ် အကျယ်ပေ ပေ ၁၆×၄၀ နှင့် တတိယထပ်အကျယ်ပေ ၂၀ × ၄၀ ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ချင်းရိုးရာအိမ်တည်ဆောက်မည့်နေရာသည် ဖလမ်းမြို့နယ် ခမ်းမေအာက်နားတွင် နေရာသတ်မှတ်ထားကြောင်းသိရသည်။

ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...