ခိုင်ကမ်းမြို့မရဲစခန်းမှ ဆိုင်ကယ်သူခိုးတစ်ဦး ဖမ်းစီးစစ်ဆေးရာ ယခင်ခိုးမှုများကိုပါ ဖော်ထုတ်ရမိ

ခိုင်ကမ်းမြို့မရဲစခန်းမှ ဆိုင်ကယ်သူခိုးတစ်ဦး ဖမ်းစီးစစ်ဆေးရာ ယခင်ခိုးမှုများကိုပါ ဖော်ထုတ်ရမိ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ခိုင်ကမ်းမြို့ရှိ နယ်မြေရဲစခန်းများမှ ခိုင်ကမ်းမြို့အမှတ် (၂) ရပ်ကွက်နေ ဦး ကပ်ဒိကျိမ်အား ၄င်း၏နေအိမ်တွင် ဖမ်းဆီးရမိကြောင်း ခိုင်ကမ်းမြို့နယ်မြေရဲစခန်း နယ်ထိန်း ဒု-တပ်ကြပ် ကမ်းလမ့်ဒါလ်းက ပြောသည်။

ဒု – တပ်ကြပ် ကမ်းလမ့်ဒါလ်းက “သူ့ကိုကျွန်တော်တို့ဖမ်းတာက သုံးလေးရက်လောက်တော့ရှိပြီ၊ သူက ဆိုင်ကယ်တစ်စီးခိုးရာကနေ ဖမ်းမိသွားတယ်၊ သူ့ကို အမျိုးမျိုးချော့ပြီးတော့ သူက ပြီးခဲ့တဲ့လက ခိုးတဲ့ဟာလည်းပါတယ်၊ ၃ လလောက်ကြာပြီး ခိုးတဲ့ဟာတွေလည်းရှိတယ်၊ တစ်ချို့ဟာတွေကတော့ နှစ်နဲ့ချီပြီး ခိုးတဲ့ဟာတွေလည်းပါတယ်၊ ကျွန်တော်တို့ ၉ စီး သူ့ဆီကနေ ဖမ်းမိတယ်၊ နှစ်စီးကတော့ ပိုင်ရှင်တွေက လာယူပြီးပြီ၊ ၇ စီးကအခုစခန်းမှာပဲ ရှိသေးတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ခိုးတဲ့သူက ခိုင်ကမ်းကို လာနေတာ ၃ နှစ်လောက်တော့ရှိပြီ၊ သူတို့က Zuamnuamzang ကနေ သားအဖ လာနေတာဖြစ်တယ်၊ သူ့ကိုတော့ တရားရေးဖက်ကို အပ်လိုက်ပြီ၊ ပြည်သူတွေအနေနဲ့ ကိုယ့်ဆိုယ်ကယ်ပျောက်ရင် ပိုင်ရှင်ဖြစ်သူက လာကြည့်ပြီး ရွေးလို့ရတယ်” ဟု ပြောသည်။

ဆိုင်ကယ်သွားရောက်ခိုးယူခဲ့သည့် နေရာများအဖြစ် ခိုင်ကမ်းမြို့တွင် ၁၂၅ အမျိုးအစား (၃) စီး၊ ကလေးမြို့တာဟန်းရပ်ကွက် ၁၂၅ အမျိုးအစား (၂) စီး၊ လက်ပံချောင်းကျေးရွာတွင် ၁ စီး၊ မြောက်ချောကျေးရွာတွင် ၁ စီး၊ ပျဉ်းတောဦးကျေးရွာတွင် ၁၃၅ အမျိုးအစား (၁) စီး၊ ညောင်ကုန်းကျေးရွာတွင် ၁ စီး စုစုပေါင်း ၉ စီး ခိုးခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...