ဟိုပင်မြို့နယ်ခွဲတွင်းရှိ ရှမ်းနီပါတီဆိုင်းဘုတ်များပြန်လည်စိုက်ထူခြင်းနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်

ဟိုပင်မြို့နယ်ခွဲတွင်းရှိ ရှမ်းနီပါတီဆိုင်းဘုတ်များပြန်လည်စိုက်ထူခြင်းနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့နယ်ခွဲ အတွင်းရှိ တကွင်းကျေးရွာ ၊ မြို့သစ်ကလေးကျေးရွာ ၊ အင်းလေးကျေးရွာတို့၌ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဇန်နဝါရီလ (၁၉)ရက် တွင် ဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

 အဆိုပါပွဲမှ ရှမ်းနီလူမျိုးများ  ရှမ်းနီလူမျိုး သတ်မှတ်နိုင်ရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများတွင် ရှမ်းနီအမည်ထည့်တွင်းနိုင်ရေး စသည့်၎င်းတို့ပါတီ၏ လုပ်ငန်းစဉ်များပြောကြားခဲ့ပြီး ရှမ်းနီလူမျိုးများ အကြောက်တရား ကင်းစွာ နိုင်ငံရေးလုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း ပါတီ ဥက္ကဌဦးစိုင်းဌေးအောင်ကပြောသည်။

"မြန်မာနိုင်ငံရေး အရွေ့ကို ငါတို့တွေ ပါသွားကြဖို့ပါ ။ ဟိုတုန်းက မပါခဲ့လို့ နောက်ကျခဲ့ပြီးပြီ။ ကျွန်တော်တို့ လုပ်ဆောင်နေတာလည်း ရှမ်းနီတစ်မျိုးသားတစ်ခုတည်းအတွက် လုပ်ဆောင်နေတာမဟုတ်ပါဘူး။  အတူနေတိုင်းရင်းသား အားလုံးအတွက်ဆောင်ရွက်နေကြောင်း"ဟု ၎င်းကဆက်ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာမှ မလုပ်ခဲ့သည့် အလုပ်ဖြစ်သောကြောင့် အဆိုပါဆိုင်းဘုတ်တင်ပွဲအတွက် အလွန်ဂုဏ်ယူမိကြောင်း မြို့သစ်ကလေးကျေးရွာမှ ပါတီဝင် ဦးစိုင်းစံဝင်းကပြောသည်။

"အောင်အောင်မြင်မြင်နဲ့လျှောက်လမ်းသွားနိုင်ရင် ကျွန်တော်တို့ ရှမ်းမျိုးနွယ်ရိုးရာ၊ ပါတီ၊ မြို့နယ်ကောင်းစားသွားရင်တောင် လူမျိုး မခွဲမခြားဘဲ ဝိုင်းဝန်းလုပ်ဆောင်သွားရင် ပိုလို့ကောင်းလိမ့်မယ်” ဟု အင်းလေးကျေးရွာမှ ဦးအောင်ထူးပြောသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကချင်ပြည်နယ်အတွင်း မြို့နယ်ကိုးမြို့နယ်တွင် ပါတီဆိုင်းဘုတ်များ စိုက်ထူထားပြီးဖြစ်ကြောင်း ၎င်းပါတီမှ သိရသည်။

၂၀၂၀ ခုနှစ် နှစ်ဦးပိုင်းတွင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ကျေးရွာများရှိ ပါတီဆိုင်းဘုတ်များကို ပြန်လည်တင်ခဲ့ပြီး လူထုတွေ့ဆုံပွဲများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...