မီးလောင်သွားသည့် တုန်းဇန်ကျေးရွာ ကျောင်းဆောင် ပြန်လည်တည်ဆောက်မှု ယခုလကုန်ပိုင်း ပြီးစီးမည်

မီးလောင်သွားသည့် တုန်းဇန်ကျေးရွာ ကျောင်းဆောင် ပြန်လည်တည်ဆောက်မှု ယခုလကုန်ပိုင်း ပြီးစီးမည်

By လားနွန် – ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာရှိ မီးလောင်သွားသည့် အထက်တန်းကျောင်းခွဲ ကျောင်းဆောင်အသစ်ကို စေတနာရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ပြန်လည်ဆောက်လုပ်လျက်ရှိကြပြီး ယခုလကုန်ပိုင်းတွင် ပြီးစီးနိုင်မည်ဟု ကျောင်းအုပ်ဆရာကြီး ဦးဒါလ်ပေါင်ကပြောသည်။

“မန္တလေးဘက်က အလှူရှင်တွေနဲ့လုပ်တာ ။ မနက်ဖြန် သန်ဘက်ခါလောက်ဆိုရင် သွပ်ပြားတွေ အမိုးမိုးတော့မယ် ။ ဒီလကုန်ပိုင်းလောက်ဆိုရင်ပြီးလောက်ပြီ’’ ဟု ဦးဒါလ်ပေါင်ကပြောသည်။

တုန်းဇန်ကျေးရွာ အ.ထ.က (ခွဲ) ကျောင်းဆောင်သည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၁) ရက်နေ့ည မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တစ်ဆောင်၊ ဝန်ထမ်းအိမ်ယာ (၅) လုံး၊ လူနေအိမ်တစ်လုံး လောင်ကျွမ်းပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

ယခုအသစ်တည်ဆောက်သည့် ကျောင်းဆောင်အသစ်ကို မန္တလေးမြို့၊ ပန်းပျိုးသူပရဟိတအသင်းမှ ကျပ်ငွေ သိန်း (၇၀၀) ဖြင့် ပေ ၉၀ x ၃၀ ဖြင့် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်သည်။

တုန်းဇန်ကျေးရွာရှိ ကျောင်းသူကျောင်းသားများသည် လက်ရှိတွင် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း UPC၊ RC နှင့် AG တို့တွင် စာသင်နေကြဆဲဖြစ်ပြီး ကျောင်းသား/ကျောင်းသူဦးရေ (၄၂၀) ခန့်ရှိသည်။

ချင်းပြည်နယ်အစိုးရမှလည်း မီးလောင်သွားသည့် အ.ထ.က (ခွဲ) ကျောင်းဆောင်များအတွက် ပေ ၁၂၀ x ၃၀ ကို Steel Structure တည်ဆောက်ဖို့ မြေနေရာများ၊ မြေညှိမှုများ လုပ်ဆောင်ပြီးစီးကြောင်းလည်း သိရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...