နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ရှမ်းနီလူမျိုးအမည် ထည့်သွင်းနိုင်ရန် မဖြစ်နိုင်သေးဟု ဆို

နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ရှမ်းနီလူမျိုးအမည် ထည့်သွင်းနိုင်ရန် မဖြစ်နိုင်သေးဟု ဆို

ရှမ်းနီအမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားတွင် ထည့်သွင်းနိုင်ခြင်း ရှိ/မရှိ ကို ပင်လည်ဘူးမြို့နယ် တွင်ပြုလုပ်သည့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲတွင် ပင်လယ်ဘူးမြို့နယ် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ဒုဥက္ကဌ ဦးခင်မောင်မြင့်က ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။

" ကျွန်တော်တို့ ရှမ်းနီလူမျိုးဆိုရင် မှတ်ပုံတင်ထဲမှာလဲမရှိ၊ နိုင်ငံတော်ထဲမှာလဲ အသိမှတ်မပြု ဆိုတဲ့အခါကျတော့ကိုယ့်အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ၊ နောက်ဖက်ဒရယ်ပြည်ထောင်စုစနစ် နဲ့သွားတဲ့အခါကျလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ပြည်နယ်တွေ အစရှိသည်အားဖြင့် ရခဲ့မယ် ပေးခဲ့မယ်ဆိုရင်တောင်မှဘဲ ရှမ်းနီ အမျိုးသားများ နောက်ကျကျန်ခဲ့မှာဘဲလို့ အနာဂါတ်မျှော်မှန်းချက်နဲ့ လူမျိုး တရားဝင် အသိမှတ်ပြုရေးကို တောင်းဆိုခြင်းဖြစ်ပါတယ်" ဟု ဦးခင်မောင်မြင့်ကပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွန်ကြားရေးမှူးသည် မြန်မာနိုင်ငံတွင် လူမျိုး မျိုးနွယ်စုပေါင်း ၁၃၅မျိုးထဲမှ ရှမ်းမျိုးနွယ်စု( ၃၃) မျိုးရှိပြီး အဆိုပါ မျိုးနွယ်စုများမှလွှဲ၍ အခြားအမည်များ ရေးသွင်းခွင့် မရှိကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

" ရှမ်းလေး(သို့) တိုင်းလျှမ် အဲ့ဒီလမ်းကြောင်းကို တည်ပြီး သွားမှ အဆင်ပြေမယ်၊ တဖြည်းဖြည်း အင်အားများလာပြီဆိုရင်ပေါ့။ အားလုံးရဲ့ဆန္ဒ သဘောတူညီမူ တစ်ခုရပြီဆိုရင် အဲ့လိုဆိုရင်တော့ ရနိုင်စရာ အခြေနေရှိတယ်"ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ဦးခင်မောင်အေးသည် ပြောသည်။

ထိုမှတ်ပုံတင်တွင် ရှမ်းနီအမည်ပြောင်းလဲနိုင်ရန်အတွက် ရှမ်းနီအမျိုးသားအကျိုးဆောင်အဖွဲ့က ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်သက်လွင်နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းနီ အမည်ဖြင့်မှတ်ပုံတင်ရနိုင်ရန်ခက်ခဲနေပြီး ရှမ်းနီအမည်အစား တိုင်းလျှမ်(ရှမ်းနီ) အမည် ဖြင့် ပြောင်းလဲကာ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ပြန်လည်တင်ပြနိုင်ရန်အတွက်၎င်းအဖွဲ့က ကြိုးစားနေကြောင်းသိရသည်

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...