ကချင်ပြည်နယ်၏ လယ်ယာကဏ္ဍနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမေရိကန်က ကူညီမည်ဟုဆို

ကချင်ပြည်နယ်၏ လယ်ယာကဏ္ဍနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမေရိကန်က ကူညီမည်ဟုဆို
ရှမ်းနီစာပေသုတေသီဦးစိုင်းကျော်ဦး နှင့် အမေရိကန်သံအမတ် Scot Marciel တို့တွေ့ဆုံစဉ်
ရှမ်းနီစာပေသုတေသီဦးစိုင်းကျော်ဦး နှင့် အမေရိကန်သံအမတ် Scot Marciel တို့တွေ့ဆုံစဉ်

ကချင်ပြည်နယ်အတွက် လယ်ယာကဏ္ဍနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တို့ ကိုကူညီသွား မည်ဖြစ်ကြောင်း အမေရိကန်သံအမတ် Scot Marciel က ရှမ်းမျိုးနွယ်စုများနှင့် တွေ့ဆုံစဉ်ပြောကြား ခဲ့သည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့  ဥက္ကဌ ဦးစိုင်းစန်းဝေက ပြောကြားခဲ့သည်။          

အမေရိကန်အနေဖြင့် မည်သို့ကူညီသွားမည်ဆိုသည့် အကြောင်းထည့် သွင်းပြောဆိုခဲ့ခြင်း မရှိ ကြောင်း ၎င်းကပြောကြားခဲ့သည်။

ရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ် Scot Marciel တို့သည် မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စုများဓမ္မာရုံတွင် နိုဝင်ဘာလ ၁၄ ရက်နေ့ ကတွေ့ဆုံခဲ့ကြသည်။

“ အဓိကကတော့ ကချင်ပြည်နယ်လို့ သတ်မှတ်ခံရပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ ရှမ်းတွေကို ဦးစားပေး မှုမရှိဘူး၊ ကချင်တွေရဲ့နောက်မှာပဲ အခွင့်အရေးရတာ ကချင်ကသာလျှင် ဦးစားပေးခံရတဲ့အကြောင်း အဓိကဆွေး နွေးခဲ့တယ်” ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဦးစိုင်းစန်းဝေက ပြောကြားသည်။

တောင်သူများ၏ လယ်ယာအနီး မိုင်းထောင်ခြင်း၊ လူမှုရေး၊စီးပွားရေးကိစ္စများ၊ ရှမ်းမျိုးနွယ်စုများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုများအကြောင်း များလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ညနေပိုင်း၌ အမေရိကန်သံအမတ်၏ ဖိတ်ကြားမှုဖြင့် ပြုလုပ်သည့် ညစာစားပွဲတွင်လည်း  အမေရိကန်သံအမတ်က လယ်ယာကဏ္ဍ၊မူးယစ်ဆေးဝါး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့်ပစ်ခတ် တိုက်ခိုက်ရေးရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးနိုင်ရန်အတွက် ကူညီသွားမည် ဟုရှမ်းနီ တိုင်းရင်းသားအနေဖြင့် တက်ရောက်ခဲ့သူ ရှမ်းနီစာပေသုတေသီ ဦးစိုင်းကျော်ဦးက ရှမ်းနီအသံကို ပြောကြားသည်။

 အမေရိကန်နိုင်ငံအနေဖြင့် လယ်ယာကဏ္ဍအကူအညီများကိုပထမဆုံးအကြိမ်ပေးအပ်မည်ဖြစ်ပြီး၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးအတွက် ငါးနှစ်ကာလ  အစီအစဉ်ကို အမေရိကန်ဒေါ်လာ  ၆ သန်းသုံးစွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...