ကချင်ပြည်နယ်၏ လယ်ယာကဏ္ဍနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမေရိကန်က ကူညီမည်ဟုဆို

ကချင်ပြည်နယ်၏ လယ်ယာကဏ္ဍနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမေရိကန်က ကူညီမည်ဟုဆို
ရှမ်းနီစာပေသုတေသီဦးစိုင်းကျော်ဦး နှင့် အမေရိကန်သံအမတ် Scot Marciel တို့တွေ့ဆုံစဉ်
ရှမ်းနီစာပေသုတေသီဦးစိုင်းကျော်ဦး နှင့် အမေရိကန်သံအမတ် Scot Marciel တို့တွေ့ဆုံစဉ်

ကချင်ပြည်နယ်အတွက် လယ်ယာကဏ္ဍနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တို့ ကိုကူညီသွား မည်ဖြစ်ကြောင်း အမေရိကန်သံအမတ် Scot Marciel က ရှမ်းမျိုးနွယ်စုများနှင့် တွေ့ဆုံစဉ်ပြောကြား ခဲ့သည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့  ဥက္ကဌ ဦးစိုင်းစန်းဝေက ပြောကြားခဲ့သည်။          

အမေရိကန်အနေဖြင့် မည်သို့ကူညီသွားမည်ဆိုသည့် အကြောင်းထည့် သွင်းပြောဆိုခဲ့ခြင်း မရှိ ကြောင်း ၎င်းကပြောကြားခဲ့သည်။

ရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ် Scot Marciel တို့သည် မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စုများဓမ္မာရုံတွင် နိုဝင်ဘာလ ၁၄ ရက်နေ့ ကတွေ့ဆုံခဲ့ကြသည်။

“ အဓိကကတော့ ကချင်ပြည်နယ်လို့ သတ်မှတ်ခံရပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ ရှမ်းတွေကို ဦးစားပေး မှုမရှိဘူး၊ ကချင်တွေရဲ့နောက်မှာပဲ အခွင့်အရေးရတာ ကချင်ကသာလျှင် ဦးစားပေးခံရတဲ့အကြောင်း အဓိကဆွေး နွေးခဲ့တယ်” ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဦးစိုင်းစန်းဝေက ပြောကြားသည်။

တောင်သူများ၏ လယ်ယာအနီး မိုင်းထောင်ခြင်း၊ လူမှုရေး၊စီးပွားရေးကိစ္စများ၊ ရှမ်းမျိုးနွယ်စုများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုများအကြောင်း များလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ညနေပိုင်း၌ အမေရိကန်သံအမတ်၏ ဖိတ်ကြားမှုဖြင့် ပြုလုပ်သည့် ညစာစားပွဲတွင်လည်း  အမေရိကန်သံအမတ်က လယ်ယာကဏ္ဍ၊မူးယစ်ဆေးဝါး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့်ပစ်ခတ် တိုက်ခိုက်ရေးရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးနိုင်ရန်အတွက် ကူညီသွားမည် ဟုရှမ်းနီ တိုင်းရင်းသားအနေဖြင့် တက်ရောက်ခဲ့သူ ရှမ်းနီစာပေသုတေသီ ဦးစိုင်းကျော်ဦးက ရှမ်းနီအသံကို ပြောကြားသည်။

 အမေရိကန်နိုင်ငံအနေဖြင့် လယ်ယာကဏ္ဍအကူအညီများကိုပထမဆုံးအကြိမ်ပေးအပ်မည်ဖြစ်ပြီး၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးအတွက် ငါးနှစ်ကာလ  အစီအစဉ်ကို အမေရိကန်ဒေါ်လာ  ၆ သန်းသုံးစွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...