သုံးနှစ်အတွင်း အခြေခံကျောင်းပေါင်း ၉၀၀ကျော် အဆင့်တိုးပေးခဲ့သော်လည်း တိုးတက်မှုမရှိဟု လူမှုရေးဝန်ကြီးဆို

သုံးနှစ်အတွင်း အခြေခံကျောင်းပေါင်း ၉၀၀ကျော် အဆင့်တိုးပေးခဲ့သော်လည်း တိုးတက်မှုမရှိဟု လူမှုရေးဝန်ကြီးဆို

ချင်းပြည်နယ်အတွင် သုံးနှစ်အတွင်း အခြေခံပညာကျောင်းပေါင်း ၉၀၀ ကျော် အဆင့်တိုးပေးခဲ့ပြီး အစိုးရမှ ဆက်လက်ထောက်ပံ့နိုင်မှု အားနည်းသဖြင့် ထူးထူးခြားခြား တိုးတက်ပြောင်းလဲသွားခြင်းမရှိကြောင်း လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်းထန်မှ ပြောသည်။

“ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ကျနော်တို့ကျောင်းအများကြီးကို အဆင့်တိုးလိုက်တယ်၊ လူထုကလည်း လိုချင် လွှတ်တော်ကိုယ်စားလှယ်တွေကလည်းလိုချင်ဆိုတော့လုပ်ပေးလိုက်တယ်၊ ကျောင်းပေါင်း ၉၀၁ကျောင်း အဆင့်တိုးပြီးပီ သုံးနှစ်အတွင်းမှာပေါ့၊ ကျောင်းပေါင်း ၉၀၀ အဆင့်တိုးပြီးတော့ ဘာအကျိုးရှိလာလဲဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ မထောက်ပံ့နိုင်ဘူး၊ အဆောက်အဦးတွေလည်း မဆောက်နိုင်ဘူး၊ တစ်ခြားလိုအပ်တာလည်း မထောက်ပံ့နိုင်တော့ အဆင့်ပဲတိုးပြီးတော့ ဘာမှအကျိုးမရှိဘူး”ဟု လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်မှ ပြောသည်။

ချင်းပြည်နယ်အတွင်း ကျောင်းပေါင်းများစွာ အဆင့်တိုးပေးခဲ့သော်လည်း ဆက်လက်ထောက်ပံ့နိုင်မှုအားနည်းသဖြင့် ကျောင်းအဆင့် တိုးပေးမှုကို ကန့်သတ်ပြီး အမှန်တစ်ကယ်လိုအပ်သည့် ကျောင်းဆရာ/ဆရာမ များ ပိုမိုခန့်ထားခြင်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု ဝန်ကြီးက ပြောပါတယ်။

ချင်းပြည်နယ်အတွင်း အခြေခံကျောင်းအဆင့်များ တိုးလာမှုနှင့်ပတ်သတ်ပြီး ဟားခါးဒေသခံ ကိုအုပ်သဲမှ “အခုနောက်ပိုင်း ကျောင်းအဆင့်တွေ တိုးတက်လာတာတော့ကောင်းပါတယ်၊ ဒါပေမယ့် ကျနော်ခရီးသွားရင်းနဲ့ တွေ့ရတာတစ်ချို့က ကျောင်းသားတစ်ယောက်ဘဲရှိတယ်၊ အဆောက်အဦးတွေကလည်း အရမ်းကောင်းပြန်တယ်၊ တစ်ချို့ကျောင်းတွေကျ ကျောင်းသား/သူတွေ ရှိပေမယ့် အလယ်တန်းကျောင်းမှာ ဆရာ/ဆရာမ တစ်ယောက်ဘဲရှိတာတို့ကို တွေ့ရပြန်တယ်၊ အဲဒါမျိုးတွေကို မျှမျှတတဖြေရှင်းပေးသင့်တယ်လို့မြင်တယ်”ဟု ပြောသည်။

ချင်းပြည်နယ်သည် တစ်နိုင်ငံလုံးအတိုင်းအတာငြင့် ပညာရေးအနိမ့်ဆုံးပြည်နယ်ထဲတွင် ပါဝင်နေပြီး ဆရာ/ဆရာမ လိုအပ်ချက် ၄၀၀၀ နီးပါး ရှိနေကာ ပြည်နယ်အစိုးရအနေဖြင့် ဝန်ထမ်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန် လုပ်အားပေးဝန်ထမ်းများ ခေါ်ယူရန် စီစဉ်နေကြောင်းသိရသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...