ချင်းပြည်၏ ဒုတိယမြောက် ကောလိပ် နောက်နှစ်ဒီဇင်ဘာလတွင် စဖွင့်နိုင်မည်ဟုဆို

ချင်းပြည်၏ ဒုတိယမြောက် ကောလိပ် နောက်နှစ်ဒီဇင်ဘာလတွင် စဖွင့်နိုင်မည်ဟုဆို

ချင်းပြည်နယ်အတွက် ဒုတိယမြောက် ၀ိဇ္ဇာသိပ္ပံ ကောလိပ်ဖြစ်လာမည့် မင်းတပ်ကောလိပ်အတွက် အဆောက်အဦးတည်ဆောက်မှု နောက်နှစ်အောက်တိုဘာလ အတွင်းပြီးစီးပါက ဒီဇင်ဘာလတွင်စဖွင့်ရန်မျှော်လင့်ကြောင်း လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် စီမှ သိရသည်။

“လောလောဆယ် တည်ဆောက်ရေးက စနေပြီ၊ ငွေကျပ် ၃ဘီလီယံကျော်ချပေးထားတယ် ကျွန်တော်တို့ချပေးတဲ့ဟာက နောက်နှစ်အောက်တိုဘာလမှာပြီးဖို့ဖြစ်တယ် အဲဒီလမှာပြီးမယ်ဆိုရင် ဒီဇင်ဘာလမှာတော့ တက်နိုင်မယ်လို့ ကျွန်တော်ကတော့ အဲလိုတော့မျှော်လင့်ထားတယ်”ဟု လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှ ပြောသည်။

မင်းတပ်ကောလိပ်တည်ဆောက်မှုနောက်ကျခြင်းမှာ မြေယာကိစ္စများတွင် လွဲချော်မှုများရှိနေခြင်းကြောင့်ဖြစ်ပြီး ယခုနှစ်တွင် အစိုးဘက်မှ ဘက်ဂျက်ချထားမှု လည်းအဆင်ပြေပြီး မြေနေရာများလည်း အဆင်ပြေပြီဖြစ်ကြောင်းလည်းသိရသည်။

ဝန်ကြီးမှ ဆက်ပြီး “အဓိကတော့ ပြည်ထောင်စုနဲ့ ညှိနှိုင်းပြီးလုပ်ရမှာပေါ့ တင်ပြရင်လည်းအဲလိုပဲတင်ပြရမှာပါ ကျွန်တော်တို့ အစပြုနိုင်ပြီ ကျောင်းသားတွေခေါ်တက်ခိုင်းလို့ရပြီ မင်းတပ်နဲ့ကန်ပလက် ဘက်ကတော့ စတက်လို့ရပြီဆိုရင် ဖြည်းဖြည်းချင်း လိုအပ်ချက်ပေါ်မှှာ အဆောက်အအုံတွေ ထပ်ဖြည့်ပေးမယ် ဆိုတော့ နောက်နှစ်ဒီဇင်ဘာလမှာတော့ ကျောင်းစဖွင့်နိုင်လောက်ပြီလို့ ကျွန်တော်တို့ထင်တယ်”ဟု ပြောသည်။

ချင်းပြည်နယ်တွင် ဟားခါးကောလိပ်ကို ၂၀၁၅ တွင် စတင်ဖွင့်လှစ်ပြီး မင်းတပ်ကောလိပ်စဖွင့်နိုင်ပါက ချင်းပြည်နယ်၏ ဒုတိယမြောက်ကောလိပ် ဖြစ်မည် ဖြစ်သည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...