သုံးပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲရထားသည့် ချင်း U 12 အသင်း ကွာတားဖိုင်နယ်ကို ကစားသမား၁၂ဦးဖြင့် ဆက်လက်ကစားရမည်

သုံးပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲရထားသည့် ချင်း U 12 အသင်း ကွာတားဖိုင်နယ်ကို ကစားသမား၁၂ဦးဖြင့် ဆက်လက်ကစားရမည်

ပြည်နယ်နှင့်တိုင်း ၁၂ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ပွဲပယ်ခံရသူများ နေမကောင်းသူများရှိခြင်းကြောင့် သုံးပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲရထားသည့် ချင်း U 12 အသင်း ကွာတားဖိုင်နယ်ကို ကစားသမား ၁၂ ဦးဖြင့် ဆက်လက်ရုံးကန်နေရမည်ဖြစ်ကြောင်းသိရသည်။

“၂ယောက်က အထုတ်ခံရတယ် ၂ယောက်ကနေမကောင်းဆိုတော့ ကွာတားဖိုင်နယ်ကို အဓိက ကစားသမား ၁၂ ဦးနဲ့ပဲ ဆက်လက် ရုံးကန်ရမှာဖြစ်တယ် ” လို့ ချင်း U-12 နည်းပြ ဦး ကီလိန်းထံမှ သိရသည်။

ကွာတားအဆင့်တွင် မနက်ဖြန်ယှဉ်ပြိုင်ကစားမည့် ရန်ကုန် Vs စစ်ကိုင်း ၊ ဧရာဝတီ Vs ကချင် တွင် နိုင်သည့် အသင်းအပေါ်မူတည်ပြီး ချင်း U-12 အသင်းဖြင့် ကွာတားဖိုင်နယ် အဆင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ကျန်ပြိုင်ပွဲများနဲ့ ပတ်သက်ပြီး ဦးကီးလိန်း မှ “ပုံမှန်တော့ training လုပ်တယ် တခြားသင်းကစားတဲ့ပွဲတွေကို ကြည့်ပြီးမှ သူတို့ရဲ့အားနည်းချက် အားသာချက်တွေကိုကြည့်ရတယ်” ဟုပြောသည်။

အားကစားသမား၁၂ ဦးဖြင့် ရုံးကန်ရမှာဖြစ်သော်လည်း ဗိုလ်စွဲမည့် အဆင့်ထိရောက်ပြီး အကောင်းဆုံးဆုများကိုလည်း ဆွတ်ခူးရန်ယုံကြည်ကြောင်း နည်းပြ ဦးကီးလိန်းထံမှ သိရသည်။

“လူစားအားလုံး ဒုတိယပိုင်းမှာ မဖြစ်မနေ လှဲရမှာ ဆိုတော့ နာတဲ့လူတွေကို ပထမပိုင်းမှာ တစ်ယောက် ဒုတိယပိုင်းမှာ ၁ယောက် အဲဒီပုံစံနဲ့ သွားရတယ် ပြီးတော့ ကျန်တဲ့ အမာခံထဲက ပိုကောင်းတဲ့လူကို ၂ပိုင်း လုံးကစားနိုင်အောင် ကျွန်တော်တို့ Line -Up ဆွဲရတယ် ဒီပုံစံနဲ့ပဲ ဆက်သွားရမှာဖြစ်တယ် “ဟု ယင်းမှ ထပ်ပြောသည်။

ချင်း U-12 ဘောလုံးအသင်းသည် အုပ်စု (C)တွင် ပဲခူးအသင်းကို ၆ဂိုး၂ဂိုး၊ရခိုင်အသင်းကို ၁၅ဂိုး ဂိုးမရှိ ၊ ရှမ်း(မြောက်) အသင်းကို ၈ဂိုး ဂိုးမရှိဖြင့်အုပ်စုဗိုလ်အဖြင့်ရပ်တည်ကာ ကွားတားဖိုင်နယ် အဆင့်ကို Oct၂၇ ရက်နေ့ မနက်၈နာရီတွင် ဆက်လက်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...