ကရင်ပြည်နယ်၏ အမြင့်ဆုံး မုလအိတောင်တက်ယာဉ်အသင်းဖွဲ့စည်း

ကရင်ပြည်နယ်၏ အမြင့်ဆုံး မုလအိတောင်တက်ယာဉ်အသင်းဖွဲ့စည်း

ကရင်ပြည်နယ်တွင် လူသိများလာသည့် မုလအိတောင်ပေါ်သို့ ဘုရားဖူးသွားသူများသယ်ယူပို့ဆောင်ပေးသည့် တောင်တက်ယာဉ်အသင်းကို အောက်တိုဘာလ ၁၆ရက်နေ့က ကော့ကရိတ်မြို့နယ်(မြဝတီမြို့နယ်ခွဲ) တနော်ထာ့ကျေးရွာတွင် အစည်းအဝေးပြုလုပ်ကာ ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

အဆိုပါ မုလအိတောင်ခြေ အရှေ့ဘက်ခြမ်းတွင် တောင်တက်ယာဉ်ပြေးဆွဲနေသည့် မော်တော်ယာဉ်အဖွဲ့များ တစ်ကွဲတစ်ပြားမဖြစ်စေရန်နှင့် အပြင်စီးပွားရေးသမားများ ဝင်ရောက်နေရာယူခြင်းမပြုလုပ်စေရန်အတွက် ယခု လို တောင်တက်ယာဉ်အသင်းကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု မုလအိတောင်တက်ယာဉ်အသင်းကော်မတီဝင် စောတိုးတိုက ကေအိုင်စီသို့ ပြောသည်။

“ဒီနေရာမှာက ဒေသခံတွေအတွက် စီးပွားရေးလုပ်ကိုင်ကောင်းမယ့်နေရာဖြစ်လာနိုင်တဲ့အနေအထားရှိတယ်။ ဘာဖြစ်လဲဆိုတော့ အပြင်စီးပွားရေးသမားတွေက လက်ဝါးကြီးအုပ်ပြီး ဝင်ရောက်အခြေချမယ့်ပုံစံလေးတွေ ကြားနေရတာရှိတာပေါ့။ အဲဒါကြောင့် ကျနော်တို့ဒေသခံတွေက ကြိုတင်ကာကွယ်ထားတဲ့သဘောအနေနဲ့ပါ။ နောက်ပြီး ကျနော်တို့ ဒေသခံကရင်တွေ နေရာမပျောက်အောင် ဒီအသင်းကို ကျနော်တို့ဒေသခံတွေ ဖွဲ့လိုက် တာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ဘုရားဖူးသူများအနေဖြင့် မုလအိတောင်တက်လမ်းကြောင်း၏ အခြေအနေကိုမသိဘဲ ၎င်းတို့ ကိုယ်ပိုင် မော်တော်ယာဉ်များဖြင့် တက်ရောက်မောင်းနှင်သွားပါက အန္တရာယ်ရှိနိုင်သောကြောင့် ယခုလို တောင် တက်ယာဉ်သီးသန့် စီစဉ်လုပ်ဆောင်ပေးရခြင်းဖြစ်သည်ဟု ဒေသခံတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ဒေသခံများ ပြေးဆွဲသည့် မုလအိ တောင်တက်ယာဉ် အစီးရေ စုစုပေါင်း ၈၀ ကျော်ရှိပြီး အုပ်စု ၃ စုဖွဲ့၍ အလှည့်ကျစနစ်ဖြင့် ပြေးဆွဲခဲ့ကြသည်။ အဆိုပါ တောင်တက်ယာဉ်ပြေးဆွဲသူများအတွက် စည်းစနစ်တ ကျရှိစေရန် ယခုလို တောင်တက်ယာဉ်အသင်းကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

မုလအိတောင်သည် ကရင်ပြည်နယ်၏ အမြင့်ဆုံးတောင်ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၆, ၀၀၀ ကျော်ရှိသည်။ လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်နှင့် ခရီးသွားများ တစ်နှစ်ထက် တစ်နှစ်များပြားလာပြီး မြဝတီမှတစ်ဆင့် တောင်၏ အရှေ့ဘက် ဝေါ်လေဘက်တွင် တောင်တက်ယာဉ်များဖြင့် တက်နိုင်သလို တောင်၏ အနောက်ဘက် ကျိတ်ရွာဘက်တွင်လည်း ခြေကျင်ဖြင့် တက်ရောက်နိုင်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...