ကျပ်သန်း ၄၈၀၀ ဖြင့် မံဆောင်း (မဏိပူရ) မြစ်ကူးတံတားအသစ် နှစ် (၂) အတွင်း အပြီးတည်ဆောက်မည်

ကျပ်သန်း ၄၈၀၀ ဖြင့် မံဆောင်း (မဏိပူရ) မြစ်ကူးတံတားအသစ် နှစ် (၂) အတွင်း အပြီးတည်ဆောက်မည်

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့အကြား အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် ကလေးမြို့မှ မှသွားလျှင် တီးတိန်မြို့- ချင်းပြည်နယ်စပ် ရိဒ်ခေါ်ဒါရ် ကြားရှိ မံဆောင်း (မဏိပူရ) မြစ်ကူးတံတားအသစ်ကို (၂) နှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦး ရွှေထီးအိုးက ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် နယ်စပ် ရိခေါ်ဒါရလ်ကြားတွင် ရှိသည့် မံဆောင်းတံတားသည် လက်ရှိအချိန်တွင် ကုန်ခံနိုင်ရည် ၁၆ တန်သာ ဖြတ်ခွင့်ပြုပြီး တံတားအသစ်တွင် တန် ၆၀ ထိဖြတ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီး ဦးရွှေထီးအိုးက “အရင်ကတော့ ဒီတံတားက ကားလေးတွေကိုပဲ သွားခွင့်ပြုထားတယ်၊ အခုတံတား အသစ်မှာကျတော့ တန် ၆၀ ထိကားတွေ ဖြတ်လို့ရတော့မယ်၊ ကျွန်တော်တို့ အခုတံတား တည်ဆောက်ရေးလုပ်ငန်း စတင်နေပါပြီး၊ ဒီတံတားတည်ဆောက်ဖို့အတွက် သန်း ၄၆၀၀ ကိုလည်းလျှာထားပြီးပြီ၊ ဒီမံဆောင်းတံတားကို ပေ ၅၅၇ အရှည်တည်ဆောက်မှာဖြစ်တယ်” ဟု ပြောသည်။

ယခုအသုံးပြုလက်ရှိသည့် မံဆောင်းတံတားမှာ ၁၆ တန်သာဖြတ်ခွင့် ရသည့်အတွက် မိုးတွင်းကာလနှင့် ရေများသည့်အချိန်များတွင် တံတားစိတ်မချရခြင်းကြောင့် ကားကြီးများကုန်းလမ်းဖြင့် သွားလာရသည့်အတွက် အခက်ကြုံနေကြောင်း ကလေး-ရိဒ် ယာဉ်လိုင်းပိုင်ရှင်များထံမှ သိရသည်။

ကလေး-ရိဒ် ယာဉ်လိုင်း ဂိတ်ပိုင်ရှင်တစ်ဦးက “တံတားခံနိူင်ရေနည်းတော့ မိုးရာသီဆို အခက်ကြုံရတာပေါ့၊ နွေရာသီဆိုရင်တော့ ကျွန်တော်တို့ ကုန်းလမ်းကို ဖောက်ပြီး တံတားအောက်ကနေပဲ ဖြတ်ကြတယ်၊ အခုတော့ ကားတန်ချိန်အပိုကိုလည်း တင်လို့မရဘူး၊ လူစီးယာဉ်တွေအတွက်တော့ ကိစ္စမရှိသလောက်ပါပဲ” ဟု ပြောသည်။

ဝန်ကြီးဦးရွှေထီးအိုးက “မံဆောင်းတံတားသစ်က နှစ် (၂) လောက်တော့ကြာမယ် ထင်တယ်၊ ဘာလို့လဲ ဆိုတော့ ဗာရ်တံတားကိုလည်း လုပ်နေတယ်ဆိုတော့၊ ပြီးတော့ ဗာရ်တံတားတော့ လာမယ့်နှစ်မှာ ကျွန်တော်တို့ အပြီးတည်ဆောက်နိူင်မယ်” ဟု ပြောသည်။

အိန္ဒိယ-မြန်မာ အဓိကကုန်သွားရေးလမ်း တစ်ခုဖြစ်သည့် ကလေး-ရိဒ် ကားလမ်းကို နေ့စဉ် အနည်းဆုံး ကားစီးရေ ၃၀ မှ ၅၀ ပတ်ဝန်းကျင်အသုံးပြု သွားလာရသည့် ကားလမ်းဖြစ်သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...