မတူပီမြို့နယ်ရှိ ကျေးရွာပေါင်း(၆)ရွာတွင် ဆရာ/ဆရာမ မရှိခြင်းနှင့် မလုံလောက်ဖြစ်ခြင်းမှာ တစ်လကျော်နေပြီဟုဆို

မတူပီမြို့နယ်ရှိ ကျေးရွာပေါင်း(၆)ရွာတွင် ဆရာ/ဆရာမ မရှိခြင်းနှင့် မလုံလောက်ဖြစ်ခြင်းမှာ တစ်လကျော်နေပြီဟုဆို

မတူပီမြို့နယ်ရှိ ကျေးရွာပေါင်းခြောက်ရွာတွင် ကျောင်း ဆရာ/ဆရာမ မရှိခြင်းနှင့် အချို့ကျောင်းများတွင် ဆရာ/ဆရာမ မလုံလောက်မှုမှာ တစ်လကျော် နေပြီဖြစ်ကြောင်း မတူပီပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပါထန်းကပြောသည်။

မတူပီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်းက “ရာထူးတိုးတာတို့ ပြောင်းရွေ့တာတွေရှိတော့ မလုံလောက်တာဖြစ်တယ်။ ဆရာ/ဆရာမ မရှိတာကို မြို့နယ်ပညာရေးမှူးက အရင်လက သတင်းပေးလို့ ကျွန်တော်လည်း အရင်လကဘဲ ပြည်ထောင်စုဝန်ကြီးကို တင်ပြထားတယ် အခုဆိုရင် တစ်လခွဲကျော်ကြာနေပြီ။ ဆရာ/ ဆရာမ အမြန်ဖြည့်နိုင်ဖို့အတွက် ဆယ်တန်းအောင်နဲ့ ဘွဲ့ရ စာရင်းဇယားတွေကိုလည်း မြို့နယ်ပညာရေးမှူးကို စာရင်းယူခိုင်းပြီးမှ ပို့ပေးလိုက်ပြီ  လောလောဆယ် အဲဒီကျောင်းတွေကို ဆရာ/ဆရာမ နည်းနည်းပိုများတဲ့ ကျောင်းတွေကနေ ဖြည့်ပေး ပြီးတော့ ယာယီတွဲပေးထားတယ်”ဟုပြောသည်။

အဆိုပါ ကျေးရွာပေါင်း(၆)ရွာမှာ အမက ထည်ရှိကျေးရွာ၊ အမကလောင်ထန်းတလန်၊ အမက ဒိုင်ဒင်း၊ အမက(ခွဲ) ဆုန်ဆီး၊ အမက(ခွဲ) အေးတန်၊ အမက(ခွဲ)မာလာနှင့် မှုလွန်ငါပန် အမက(ခွဲ)ကျောင်း တို့ဖြင့်ပြီး မှုလွန်ငါပန် ကျောင်းမှာ ကျောင်းသား(၅၀)ဦးရှိပြီး ကျောင်းအုပ်ကြီး တစ်ဦးနှင့် အထွေထွေ လုပ်သားတစ်ဦးသာ ရှိကြောင်းလည်း သိရှိရသည်။

မတူပီမြို့နယ်ရှိ ကျေးရွာပေါင်း (၆)ရွာတွင် ဆရာ/ဆရာမ များကို နေ့စားလပေးများဖြင့် ယာယီခန့်အပ်ပေးထားကြောင်းလည်း သိရှိရကြောင်း မတူပီ ငလားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး Sa longကပြောသည်။

မတူပီ ငလားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးSa longက “မတူပီမြို့နယ်မှာ အလယ်တန်းပြ ဆရာ/ဆရာမ (၁၂၁)ဦးလိုတယ်လို့လည်း ပညာရေးမှူး ပြောပြချက်အရသိရတယ်  ”ဟုပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းတွင် ချင်းပြည်နယ်သည် အောင်ချက်အနည်းဆုံးဖြင့် ရပ်တည်နေပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်ကို ချင်းပြည်နယ် အတိုင်းတာဖြင့် ကြည့်ရမည်ဆိုလျှင် ပလက်ဝမြို့နယ်နှင့် မတူပီမြို့နယ်သည် အောင်ချက်ရာခိုင်နှုန်း အနည်းဆုံးဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...