နေအိမ်အတွင်းနေပြီး မိမိအိမ်ကာ ကွယ်သူကို ရဲဝန်ထမ်းများ ဆွဲထုတ်စဉ် သတိလစ်

နေအိမ်အတွင်းနေပြီး မိမိအိမ်ကာ ကွယ်သူကို ရဲဝန်ထမ်းများ ဆွဲထုတ်စဉ် သတိလစ်
photo; The Chinland Post
photo; The Chinland Post

ဟားခါးမြို့တွင် အစိုးရမှ ကျူးကျော်အိမ်ဟုသတ်မှတ်ထားသည့် နေအိမ်များကို ယနေ့မနက်က စတင်ဖျက်စီးခဲ့ပြီး နေအိမ်အဖျက်စီးမခံလိုပဲ အိမ်တွင်း၌နေပြီး မိမိအိမ် ကာကွယ်သူအမျိုးသမီးကို ရဲဝန်ထမ်းများမှ ဆွဲထုတ်စဉ် မူးမေ့သတိလစ်ခြင်းကြောင့် ဆေးရုံပို့ခဲ့ရကြောင်းသိရသည်။

ဟားခါးမြို့တွင် ကျူးကျော်နေအိမ်များ ယနေ့ ပျက်စီးကာ နေအိမ်အတွင်း နေထိုင်သူ အမျိုးသမီး အသက်(၄၂)အရွယ်မှာ ရဲများစည်ပင်များမှ အိမ်ကဆွဲရာ နေအိမ်တွင်မူးမေ့ သတိလစ်၍ ဆေးရုံပို့လိုက်ရကြောင်း သိရသည်။

ကျူးကျော်အိမ်များ ဖျက်သိမ်းသည့် စီမံကိန်းတွင် ဟားခါးပြည်သူ့ဆေးရုံမှ တာဝန်ကျသူ  တစ်ဦးက “အသက်က(၄၂)အရွယ်လောက်ရှိမယ်။ အိမ်ထဲမှာနေတာ မထွက်ချင်လို့ လှန်းဆွဲကြတာ ရဲတွေ၊ စည်ပင်တွေက၊ အဲဒီမှာ သတိလစ်သွားတာဖြစ်တယ်။ ဆေးရုံတော့မတက်လိုက်ရဘူး၊  ခဏအောက်စီဂျင်ပေးပြီးမှ နည်းနည်းပါးပါး အနားယူပြီးတာနဲ့ ကောင်းသွားပါတယ်။ အခုသူ ဆေးရုံကနေ ဆင်းသွားပါပြီ”ဟုပြောသည်။

မြို့ပြစီမံကိန်းအတွင်းရှိ ကျူးကျော်နေအိမ်များကို ယနေ့ညနေပိုင်း ခြောက်နာရီအထိ နေအိမ်များဖျက်စီးမှု ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဟားခါးမြို့တွင် မြို့ပြစီမံကိန်း စည်ပင်ဧရိယာ ဧက ၆၇၆ အတွင်း ကျူးကျော်နေအိမ်များတွင် နေထိုင်သူများကို သြဂုတ်လ (၈)ရက်နေ့တွင် ဖျက်ရန် ချင်းပြည်နယ် အစိုးရမှ သတ်မှတ်ပေးခဲ့ သော်လည်း အသင်းတော်ဆရာများ၏ ညှိနှိုင်းပေးမှုဖြင့် ၁၉ရက်နေ့ ပြန်လည်ရွှေ့ခဲ့ပြီးနောက် ယနေ့(၂၀)ရက်နေ့မှ စတင်ပြီးဖျက်စီးခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...