ဖလမ်းမြို့နယ်ရှိ ကျေးရွာရှစ်ရွာတွင် ဆိုလာအလုံးပေါင်း(၁၈၅)လုံး ဒီဇင်ဘာလအကုန်တွင် တပ်ဆင်ပေးမည်

ဖလမ်းမြို့နယ်ရှိ ကျေးရွာရှစ်ရွာတွင် ဆိုလာအလုံးပေါင်း(၁၈၅)လုံး ဒီဇင်ဘာလအကုန်တွင် တပ်ဆင်ပေးမည်

ဖလမ်းမြို့နယ်အတွင်းရှိ အမျိုးသားမီးလင်းရေးစီမံကိန်း(NEP)(ICB-3)ဖြင့် ကျေးရွာ(၈)ရွာတွင် ဆိုလာအလုံးပေါင်း(၁၈၅)လုံးကို ဒီဇင်ဘာလအကုန်တွင် တပ်ဆင်ပေး တော့မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၁၉ခု ဘဏ္ဍာရေးနှစ်တွင် အမျိုးသားမီးလင်းရေးစီမံကိန်း(NEP)(ICB-3)ဖြင့် ဖလမ်းမြို့နယ်အတွင်းရှိ ထုံးထူလ်ကျေးရွာတွင် (၃၈)လုံး၊ မွှန်ထားကျေးရွာတွင်(၃၀)လုံး၊ ဖါရ်တလန်ကျေးရွာတွင်(၅)လုံး၊ ရိခေါဒါရ်ရွာဟောင်းတွင်(၁၁)လုံး၊ ဘုန်ဇုံးကျေးရွာတွင်(၄)လုံး၊ ဆိမ်ဒီဟိုင်ကျေးရွာတွင်(၄၁)လုံး၊ ခွန်းမွာလ်ကျေးရွာတွင်(၃၁)လုံးနှင့် ဇူလ်သူးကျေးရွာတွင်ဂ(၂၅)လုံး ဖြစ်ပြီး အားလုံးစုစုပေါင်း(၁၈၅)လုံး တပ်ဆင်ပေးမည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ပြန်ကြားရေးသတင်းစာမျက်နှာတွင်ဖော်ပြထားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနမှ ဒု – ညွှန်ကြားရေးမှူး ဦးလိန်းနိုင်းက “မဟာဓာတ်အားလိုင်း ကနေ လက်တလောမှာ မီးမရရှိသေးတဲ့ရွာတွေ  ကျေးရွာရှိ ပြည်သူတွေက လိုလိုလားလားနဲ့ ထည့်ဝင်ငွေတွေထည့်ကြတယ်။ နှစ်ရစ်ခွဲပြီးငွေထည့်ရတယ်။ W၆၀ ဆိုရင်ခုနှစ်သောင်းခွဲ ထည့်ဝင်ငွေထည့်ရတယ်။ ခုနှစ်သောင်းခွဲကို နှစ်ရစ်ခွဲထည့်ရတယ်။ W ၁၀၀ တွေက နှစ်သိန်းခွဲထည့် ရတယ်။ကျွန်တော်တို့ဖက်ကလည်း  အိမ်ခြေဆယ်အိမ်မှာ လမ်းမီးတစ်တိုင် အလကားမီးထွန်းပေးတယ်။ ကျန်းမာရေးဌာန(ခွဲ)၊မှုလတန်းကျောင်းအတွက်ဖြစ်ဖြစ်  ဘာသာရေးကျောင်းတွေ ဘုရားကျောင်းတို့ ဘုန်းကြီးကျောင်းတို့ရှိရင် အလကားတပ်ဆင်ပေးတယ်”ဟုပြောသည်။

မဟာဓာတ်အားလိုင်းရရှိမှုအတွက် အခက်ခဲရှိသေးသော ကျေးရွာများ ဆိုလာကြေးအတွက် အရစ်ကျငွေ ပေးသွင်းရန် သဘောတူညီသည့် ကျေးရွာများကို အမျိုးသားမီးလင်းရေးစီမံကိန်း(NEP)(ICB-3)မှ ဆိုလာများကို တပ်ဆင်ပေးသွားပြီး တစ်နှစ်အတွင်း ပျက်စီးမှုရှိပါကလည်း အသစ်လဲလှယ် ပြင်ဆင်ပေးခြင်းများကိုး တာဝန်ယူဆောင်ရွက်လေ့ရှိသည်။

 ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနမှ ဒု – ညွှန်ကြားရေးမှူး ဦးလိန်းနိုင်းက “ပစ္စည်းတွေကလည်း နိုင်ငံခြားကနေ အဆင့်ဆင့် ရွာတွေအထိ  သယ်လာတော့ ချို့ယွင်းတာမျိုးတွေလည်းရှိတယ်။ အဲတာမျိုးတွေ ပြန်ပြင်ဖို့ မြန်မာပြည်က မထုတ်တော့ ပြီးတော့ ရောင်းကောင်းတဲ့ ပစ္စည်းမဟုတ်တော့ ဘယ်သူမှအမြဲမတင်ထားဘူး၊ ဒါကြောင့် ပျက်တဲ့ဟာတွေကို အချိန်ခဏလေးမှာ ပြန်မပြင်ပေးနိုင်တာမျိုးတွေရှိတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးပြန်လှဲပေးတယ်”ဟုပြောသည်။

NEP(အမျိုးသားမီးလင်းရေးစီမံကိန်း)မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစတင်ပြီး မဟာဓာတ်အားလိုင်းမရရှိသော ကျေးရွာများကို မီးရရှိစေရန်ဖြင့် ဆိုလာတပ်ဆင်ပေးခြင်း လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...