ချင်းပြည်နယ်တွင်း ကျောင်းများတိုး လိုက်ခြင်းကြောင့် ဆရာ/မ မလုံလောက်ခြင်းဖြစ်ကြောင်း ကျောင်းဆရာမတစ်ဦးဝေဖန်

ချင်းပြည်နယ်တွင်း ကျောင်းများတိုး လိုက်ခြင်းကြောင့် ဆရာ/မ မလုံလောက်ခြင်းဖြစ်ကြောင်း ကျောင်းဆရာမတစ်ဦးဝေဖန်



ချင်းပြည်နယ်အတွင်း အစိုးရမှ ကျောင်းများတိုးလိုက်ခြင်းကြောင့် ဆရာ/မ မလုံလောက်ခြင်းဖြစ်ကြောင်း ကျောင်းဆရာမ တစ်ဦးက ကပြောသည်။

ကျောင်းဆရာမတစ်ဦးက  “ပလက်ဝမြို့နယ်မှာရှိတဲ့ တချို့အ.ထ.က(ခွဲ)တွေဆိုရင် ကျောင်းအုပ်နဲ့ အထွေထွေအလုပ်သားနဲ့ အဲဒီနှစ်ယောက်လောက်ဘဲ ရှိတာလေ” ဟုပြောသည်။

သူကဆက်ပြီး  “ရွာတွေက သူတို့ရွာမှာကျောင်းရှိစေချင်တယ်။ ကျောင်းရှိရင်သားသမီး ကျောင်းပညာရေးအတွက် အဆင်ပြေမယ်လို့ထင်ကြတယ်။ တစ်ဖက်ကနေစဉ်းစားမယ် ဆိုရင်တော့ မိဘဖက်ကမှန်သလိုသလိုနဲ့ မှားနေတယ်ပေါ့။ မိဘတွေကမရှိဆင်းရဲဆိုတော့ တခြားရွာမှာပို့ရရင် ငွေရေးကြေးအခက်ခဲဖြစ်တာပေါ့။ ကိုယ့်ရွာမှာ အိမ်ကနေတက်မယ်ဆိုရင် သူတို့စားဝတ်နေရေး သိပ်မပူရဘူး အဲဒီအတွေးနဲ့ ကျောင်းတွေလျှောက်တယ်။ သူတို့အတွေးတွေက မှားနေတယ်၊ ကျောင်းတွေရတာနဲ့ ဆရာ/ဆရာမတွေက ချက်ခြင်းမရောက်ဘူး။ အဲဒီခါကျတော့ သူတို့သားသမီးတွေ အတွက် ချစ်ရာမရောက်ဘဲ နစ်ရာရောက်တယ်”ဟုပြောသည်။

လက်ရှိ NLD အစိုးရမှလည်း လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့် ပေးထားပြီး  ပြည်သူများဖက်မှလည်း ကိုယ့်ရွာတွင် ကျောင်းများရှိစေချင်ကြသည့်အတွက် မိမိဒေသတွင် ကျောင်းရှိလျှင် အဆင်ပြေနိုင်မည် ထင်သော်လည်း ကျောင်းဆရာ/ဆရာမ မလုံလောက်ခြင်းများကြောင့် ကလေးငယ်များ၏ ပညာရေးပိုင်းတွင် ပိုမိုနှောင့်နှေးစေကြောင်း အဆိုပါဆရာမမှ ထောက်ပြသည်။

သူကဆက်ပြီး “ကျမ ဖြစ်စေချင်တာတော့ ကျောင်းတွေမတိုးပေးဘဲ သင်ကြားမယ့် ဆရာ/ဆရာမတွေ လုံလောက်အောင် ခန့်စေချင်တယ်။အခုက ကျောင်းဆရာ၊ဆရာမ ဘယ်တော့မှလောက်တယ်မရှိဘူး၊  ကျောင်းတွေဘဲ တိုးတိုးနေတာ ကျောင်းတွေမတိုးဘဲ ဆရာ/ဆရာမတွေတိုးမယ်ဆိုရင် ကလေးတွေရဲ့ ပညာရေးလည်း ပိုကောင်းလာမယ်”ဟုပြောသည်။

ချင်းပြည်နယ် လူမှုရေးဝန်ကြီးဦးပေါင်လွင်မင်းထန်ကပလက်ဝမြို့နယ်အတွင်း ဆရာ/မ မလုံလောက်မှုနှင့်ပတ်သက်ပြီး “ပြည်နယ်ကနေ ၂၆၀လောက်ခန့်ပေးထားတာရှိတယ်။ အားလုံးအလုပ်ဝင်ပြီလားတော့ မသိရသေးဘူး၊ ကျောင်းဆရာ/ဆရာမတော့ ၆၀၀ ဝန်းကျင်လောက်တော့ လိုအပ်နေသေးတယ်”ဟုပြောသည်။

ချင်းပြည်နယ်အတွင်း ကျောင်းပေါင်း ၁၄၂၁ ကျောင်းရှိပြီး ပလက်ဝမြို့နယ်တွင် ၃၄၇ ကျောင်းဖြင့် ကျောင်းအများဆုံးဖြစ်သည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...