ဇွန်လကတည်းက ပျောက်ဆုံးသွား သည့် ချင်းလူမျိုးများ၏ သတင်းအစ အနမရသေးခင် နောက်ထပ် တစ်ဦး ထပ်မံပျောက်ဆုံး

ဇွန်လကတည်းက ပျောက်ဆုံးသွား သည့် ချင်းလူမျိုးများ၏ သတင်းအစ အနမရသေးခင် နောက်ထပ် တစ်ဦး ထပ်မံပျောက်ဆုံး

ဇွန်လကတည်းက ပျောက်ဆုံးသွားသည့် ချင်းလူမျိုး (၃) ဦး၏ သတင်းအစအနမရသေးခင် ယခုလအတွင်း တစ်ဦး ထပ်မံပျောက်ဆုံးသွားကြောင်း ပလက်ဝမြို့နယ်၊ သံတောင်အုပ်စုမှ ဒေသခံတစ်ဦးက ချင်းဝေါလ်သတင်းဌာနသို့ပြောသည်။

သံထောင်အုပ်စုမှ ဒေသခံတစ်ဦးက “ပလက်ဝမြို့နယ် သံတောင်ဖက်ခြမ်းမှာ လူတွေပျောက်ပျောက်နေတယ်။ အခုလူပျောက်တာ လေးယောက်လောက်ရှိနေပြီ။ နောက်ဆုံးလေးယောက်မြောက် ပျောက်တာက သောကြာနေ့မှာဖြစ်တယ်။ တချို့တွေကျတော့ ဟိုသွားဒီသွားရင်း ပျောက်တာနဲ့ အိမ်မှာAAတွေလာခေါ်သွားတာမျိုးတွေနဲ့ ပျောက်သွားတာ ဒီနေ့ဒီအချိန်ထိ ဘာသတင်းအစအနမှမသိရဘူး”ဟုပြောသည်။

ပျောက်ဆုံးခဲ့သူများမှာ ပလက်ဝမြို့နယ် ကျားခေါင်းကျေးရွာနေ ဦးအောင်ကျော် (၅၅နှစ်)ဖြစ်ပြီး မြောက်ဦးမြို့နယ် လေညင်းသောင်ဆိတ်ကမ်းတွင် ညအိပ်စဉ်ပျောက်သွားခြင်း၊ သံတောင်ရွာနေ ဦးအောင်ကျော်အေး(၅၄နှစ်)မှာ ၁၄ရက်နေ့ ၆လပိုင်းလောက်တွင် မြောက်ဦးမြို့နယ်ဆင်အိုးမှ အိမ်ပြန်ခရီးတွင်ပျောက်ဆုံးခြင်း၊ နောက်တစ်ဦးမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ချိတ်ချောင်းရွာနေ ဦးသန်းစိန် ၅၀နှစ်(ချင်းလူမျိုး)မှာ ၄ရက်နေ့ ၆လပိုင်းတွင် AAအဖွဲ့မှ ညသန်းခေါင်အချိန်တွင် ခေါ်ဆောင်သွားခြင်းခံရပြီး နောက်တစ်ဦးမှာ မောင်ပိုင်ကီး(၂၁)နှစ်အရွယ်ဖြစ်ပြီး မြောက်ဦးမြို့နယ်မှ ပစ္စည်းများသယ်လာပြီး ရွာအပြန်လမ်းတွင် ပျောက်ဆုံးကြခြင်းဖြစ်သည်။

ပျေက်ဆုံးနေသူ မောင်ပိုင်ကီး ယောက္ခမဖြစ်သူက “သောကြာနေ့က ပျောက်သွားတယ်။ စနေနေ့မနက်စောစောမှာ မြောက်ဦးဖက်မှာ ရှိတဲ့ သူဈေးဝယ်သွားတဲ့ နေရာတွေကို သွားရှာတယ်။ သိရသလောက်က ဆန်တစ်အိတ်၊ သွပ်နှစ်ချပ်၊ ဘိလပ်မြေလေးအိတ်၊ သွပ်သံမှိုသုံးပိသာ၊ ရိုးရိုးသံမှို နှစ်ဆယ်ပိသာ သယ်သွားတယ်၊ လမ်းမှာပျောက်သွားတာဖြစ်တယ်”ဟုပြောသည်။

ပလက်ဝမြို့နယ် သံထောင်အုပ်စုရှိ ကျေးရွာများမှာ မြစ်ကြောင်းလမ်းကို စက်လှေများဖြင့် ရခိုင်ပြည်နယ်ဖက်ကို သွားရောက်ပြီး လိုအပ်သည့် စားနိပ်ရိက္ခာများ၊ ကုန်ပစ္စည်းများ သွားရောက်ဝယ်ယူလေ့ရှိပြီး ယခုနောက်ပိုင်း ရွာမှအသွားတွင် ဘာမှမဖြစ်ဘဲ ပစ္စည်းများနှင့် ရွာအပြန်လမ်းတွင် ကမ်းနားမှaaတပ်များမှ ပစ္စည်းများစစ်ဆေးခြင်း ဆန်သုံးအိတ်တွင် နှစ်အိတ်ကို လုယူပြီး တစ်အိတ်သာပြန်ပေးခြင်း စသည်ဖြင့် ပစ္စည်းလုယူခြင်းများ ပြုလုပ်နေခြင်းကို ကြုံတွေ့နေရကြကြောင်းသံတောင်ကျေးရွာအုပ်စု ဒေသခံတစ်ဦးက ချင်းဝေါလ်သတင်းဌာနသို့ပြောသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...