တွန်းဇံမြို့တွင် မုဒိမ်းမှုကျူးလွန်ရန် အားထုတ်ကြံစည်သူကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားဆွဲဆိုထား

တွန်းဇံမြို့တွင် မုဒိမ်းမှုကျူးလွန်ရန် အားထုတ်ကြံစည်သူကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားဆွဲဆိုထား

တွန်းဇံမြို့တွင် အမျိုးသမီး အသက်(၂၁)နှစ်အရွယ်ကို မောင်ဟောင်ရှန်းပိုင်(၂၃)နှစ်မှ မုဒိမ်းမှုကျူးလွန်ရန်အားစိုက်ထုတ်ခဲ့သောကြောင့် တွန်းဇံမြို့နယ်ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားဆွဲထားကြောင်း တွန်းဇံမြို့နယ်မှဒု-ရဲမှူးစိုးဝင်းကပြောသည်။

တွန်းဇံမြို့နယ်မှ ဒု-ရဲမှူးစိုးဝင်းက “တရားခံက ကျူးလွန်တဲ့ပုံစံမျိုးတော့မဟုတ်ဘူး သက်သေတွေ ဆေးစာတွေ ပြန်ကြားစာ တွေတော့မရသေးဘူး။ မိန်းကလေးဖက်ကလည်း တိုင်ထားတာရှိတယ်၊ သူ့ကို ကျူးလွန်ဖို့အားစိုက်ပါတယ် ဆိုတဲ့ပုံစံမျိုးနဲ့ လာရောက်တိုင်ထားတာ ဖြစ်တယ်။ အခုကစစ်ဆေးနေဆဲကာလဖြစ်တယ် သက်သေတွေလည်း စုံအောင်မသိရသေးဘူး ဆိုတော့ ယမန်မကုန်ဆုံးခင်အချိန်ထိတော့ မဒိန်းမှုကျူးလွန်ဖို့ အားထုတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁နဲ့ တရားဥပဒေနဲ့အညီ တရားဆွဲမှာဖြစ်တယ်”ဟုပြောသည်။

ဖြစ်စဉ်မှာ တွန်းဇံမြို့နယ် သွေးသုမ်ရွာသား မောင်ဟောင်ရှန်းပိုင်သည် သြဂုတ်လ(၂)ရက်နေ့တွင် တွန်းဇံမြို့ ခေါလိုင်ရက်ကွက်နေ မ….(၂၁)နှစ်အရွယ်ကို မောင်ဟောင်ရှန်းပိုင်က ၎င်းတို့ရွာကိုဆိုင်ကယ်ဖြင့် လိုက်ပို့ပေးရန် အကူညီတောင်းသဖြင့် မ….(၂၁)နှစ်ကလည်း လိုက်ပို့ပေးခဲ့ရာ သွေးသုမ်ရွာရောက်ခါနီးတွင် မ….(၂၁)ကို တွန်းချပြီး မုဒိမ်းမှုကျူးလွန်ရန် အားစိုက်ထုတ်ချိန်တွင် အနီးအနားရှိလူများဝိုင်းလာပြီး မုဒိမ်းမှုမ မြောက်လိုက်ကြောင်း တွန်းဇံရဲစခန်းတွင် မ..(၂၁)ကထွက်ဆိုခဲ့ကြောင်း သိရသည်။

မုဒိမ်းမှုကျူးလွန်ရန် အားစိုက်ထုတ်ခဲ့သူ မောင်ဟောင်ရှန်းပိုင်ကို ၎င်းမိဘများကိုတိုင် သြဂုတ်လ(၇)ရက်နေ့တွင် တွန်းဇံရဲစခန်းတွင် လာရောက်အပ်နှံခဲ့ကြောင်း တွန်းဇံမြို့နယ်ရဲစခန်းမှ တပ်ကြပ်ကြီးစန်းယုကပြောသည်။

တွန်းဇံမြို့နယ်ရဲစခန်းမှ တပ်ကြပ်ကြီး စန်းယုက “၃ ရက်နေ့မှာလာတိုင်တယ်။တရားခံလာအပ်တာတော့ (၇)ရက်နေ့မှာ မိဘကိုယ်တိုင် လာအပ်တယ်။ ကျွန်တော်တို့က သူ့ကို အမှုနဲ့ဖမ်းဆီးပြီးတော့ ခြောရက်ယမန်ယူထားပြီးပြီ ၂၀ရက်နေ့ထိ အမှုနဲ့ပက်သက်ပြီး စစ်ဆေးနေဆဲဖြစ်တယ်”ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၂)ရက်နေ့တွင်လည်း တွန်းဇံမြို့နယ် နတ်ဇန်ကျေးရွာတွင် အသက်(၉)နှစ်အရွယ် တတိယတန်းကျောင်းသူကို လမ်းအလုပ်သမား အသက်(၂၇)နှစ်အရွယ်မှ မုဒိမ်းမှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...