ရက္ခိုင့်တပ်မတော်AAလွှတ်ပေးခဲ့သော ကင်းတလင်းရွာသားများမီးဇာစစ်ဘေးရှောင်စခန်းမှ ပလက်ဝမြို့ပေါ်သို့ ပြောင်းရွှေ့နိုင်ရန်စီစဉ်လျှက်ရှိ

ရက္ခိုင့်တပ်မတော်AAလွှတ်ပေးခဲ့သော ကင်းတလင်းရွာသားများမီးဇာစစ်ဘေးရှောင်စခန်းမှ ပလက်ဝမြို့ပေါ်သို့ ပြောင်းရွှေ့နိုင်ရန်စီစဉ်လျှက်ရှိ

ရက္ခိုင့်တပ်မတော်AAမှ ပြန်လွှတ်ပေးလိုက်သော ကင်းတလင်းရွာသားများမှာ လက်ရှိနေထိုင်နေသော မီးဇာစစ်ဘေးရှောင်စခန်းနှင့် အရင်နေထိုင်ခဲ့သောရွာမှာ လုံခြုံမှုမရှိတော့သောကြောင့် ပလက်ဝမြို့ပေါ်သို့ နေထိုင်နိုင်ရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

မီးဇာအုပ်စု ကုန်ပြင်ရွာဥက္ကဌ ဦးယိုက်တန်းက“AAတွေက ကင်းတလင်းရွာသားတွေကို ဒုက္ခသည်အနေနဲ့ ခေါ်သွားတယ်လို့ ပြောပေမဲ့ အဖမ်းခံရတဲ့ ကင်းတလင်းရွာသားတွေက သူတို့အကာကွယ်အနေနဲ့ ခေါ်သွားတယ်။ ဒုက္ခသည်အနေနဲ့ ခေါ်သွားတာမဟုတ်ဘူး  သူတို့ပြည်သူတွေကို အကာကွယ်အနေနဲ့ ခေါ်သွားတဲ့ဟာဖြစ်တယ်။ အခုဒီမှာရောက်တဲ့ အခါကျတော့ AAတွေက ကျွန်တော်တို့ကို ဒုက္ခသည်အနေနဲ့ထားတာမျိုးမဟုတ်ဘဲ တမင်သက်သက် ဖမ်းသွားတယ်ဆိုတဲ့ သတင်းပွားတဲ့ အခါကျတော့ AAတွေအတွက် မကောင်းတဲ့သတင်းတွေ ပေါ်လာတဲ့ အခါကျတော့ ဒီနေရာမှာလည်း လုံခြုံမှုမရှိဘူးဆိုတဲ့ အနေအထားတွေဖြစ်လာတယ် ဒါကြောင့် ပလက်ဝမြို့ပေါ်ကိုပြောင်းရွှေ့နိုင်အောင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ စီစဉ်နေကြတယ်”ဟု ပြောသည်။

လက်ရှိကင်းတလင်းရွာသားများမှာ အရင်နေထိုင်ခဲ့သော ကင်းတလင်းရွာနှင့် အနီးနားရွာများမှာလည်း လူနေမထိုင်ကြတော့သည့်အပြင် ကင်းတလင်းရွာမှာလည်း လူမနေသည့်အချိန်ကာလ  ကြာပြီဖြစ်သောကြောင့် ရွာမှာ ရွာပျက်ကြီးဖြစ်နေသဖြင့် ရွာတွင်မနေထိုင်တော့ဘဲ ပလက်ဝမြို့ပေါ်သို့ နေထိုင်နိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

ရက္ခိုင့်တပ်မတော်မှ လွှတ်ပေးလိုက်သော ကင်းတလင်းရွာသားများမှာ လက်ရှိမီဇာစစ်ဘေးရှောင် စခန်းတွင် နေထိုင်ကြပြီး ကင်းတလင်းရွာသားများကို  စစ်ဘေးရှောင်များနှင့် ရွာခံများမှ ဝိုင်းဝန်းကူညီ ပေးလျှက်ရှိကြောင်း ကုန်ပြင်ဥက္ကဌ ဦးယိုက်တန်းကပြောသည်။ ကုန်ပြင်ဥက္ကဌ ဦးယိုက်တန်းက“စစ်ဘေးရှောင်တွေရော ရွာခံတွေအားလုံးပေါင်းပြီးမှ ဆန်၊ဆီ၊ ဆားကစ ဝိုင်းပြီးတော့ကူညီကြတယ်။ နောက်ပြီးကျွန်တော်ကိုယ်တိုင် ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးဆီမှာ ဆန်ဆယ်အိတ် ထုတ်ပေးတယ်။ အခုလက်ရှိတော့ ဒါတွေနဲ့ဘဲသူတို့ စားသောက်နေတယ်”ဟုပြောသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...