လူများစုအတွက် လုပ်ဆောင်နေခြင်းကြောင့် လူနည်းစု၏အကျိုးစီးပွားအတွက် အစိုးရလုပ်ဆောင်မှုကို ရပ်ဆိုင်းစရာမရှိဟု စည်ပင်ဝန်ကြီးပြော

လူများစုအတွက် လုပ်ဆောင်နေခြင်းကြောင့် လူနည်းစု၏အကျိုးစီးပွားအတွက် အစိုးရလုပ်ဆောင်မှုကို ရပ်ဆိုင်းစရာမရှိဟု စည်ပင်ဝန်ကြီးပြော

ချင်းပြည်နယ် ဟားခါးမြို့ မြို့ပြစီမံကိန်းဖော်ဆောင်မည့် မြေနေရာတွင် ကျူးကျော်နေထိုင်မည့်သူများ ရှင်းလင်းမည့်ကိစ္စနှင့်ပတ်သတ်ပြီး လူများစုအတွက် လုပ်ဆောင်နေခြင်းကြောင့် လူနည်းစု၏အကျိုးစီးပွားအတွက် အစိုးရလုပ်ဆောင်မှုကို ရပ်ဆိုင်းစရာမရှိဟု စည်ပင်ဝန်ကြီးဦးစိုးထက်မှ ပြောသည်။

“နဂိုကတည်းက စည်ပင်ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဖို့စီစဉ်ထားတဲ့အတိုင်းဘဲလုပ်သွားမှာပါ၊ ဘာသာရေးဆရာတွေက ပြင်ဆင်ချိန်ရအောင်လို့ နည်းနည်းလေးနောက်ဆုတ်ပေးဖို့ ပြောတာကြောင့်သာ နောက်ဆုတ်ရတာပါ၊ ကျွန်တော်တို့ မြို့ပြစီမံကိန်းက လူနည်းစုအတွက် လုပ်နေတာမဟုတ်ဘူး၊ လူအများစုအတွက်လုပ်နေတာ၊ လူ ၆၀၀၊ ၁၀၀၀ လောက်အတွက်လုပ်နေတာ၊ လူ၃၀လောက်ရဲ့ အကျိုးစီးပွားအတွက် ကျွန်တော်တို့ အစိုးရရဲ့လုပ်ဆောင်မှုကို ရပ်ဆိုင်းစရာမရှိဘူး၊ ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြို့ပြစီမံကိန်းမလုပ်ခင်က အိမ် ၈လုံးဘဲရှိတယ်၊ အဲဒါကိုလည်း ကျွန်တော်တို့ မှတ်တမ်းတင်ထားတယ်၊ မြို့ပြစီမံကိန်းအတွက် လမ်းဖောက်ပြီးမှ အိမ်ခြေတစ်ရာကျော်က ဆောက်လာတာပါ၊ အများကောင်းဖို့အတွက်ကို လူနည်းစုကိုတော့ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ရှင်းရမှာဘဲ”ဟု ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဟားခါးမြို့ မြို့ပြစီမံကိန်းဖော်ဆောင်မည့် မြေဧက ၆၀၀ကျော်အတွင်း ကျူးကျော်နေထိုင်သည့် နေအိမ်များကို စည်ပင်ဥပဒေအရ သြဂုတ်လ ၉ရက်နေ့တွင် ရှင်းလင်းမည်ဟု ထုတ်ပြန်ထားသော်လည်း ဘာသာရေးဆရာများ၏ တောင်းဆိုမှုကြောင့် ၁၀ရက် နောက်ဆုတ်ပြီး သြဂုတ်လ ၁၉ ရက်နေ့တွင် ရှင်းလင်းရန် ရွှေ့ဆိုင်းလိုက်ကြောင်း ဦးစိုးထက်ကပြောသည်။

ကျူးကျော်ရှင်းလင်းရန် ရက်ရွှေ့ဆိုင်းမှုနှင့် ပတ်သတ်ပြီး စည်ပင်ဝန်ကြီး ဦးစိုးထက်မှ “ဝန်ကြီးချုပ်ရဲ့ PSO ကနေတစ်ဆင့် ခရစ်ယာန်ဆရာတော်တွေက ရက်နောက်ဆုတ်ပေးဖို့ ပြောတယ်လို့သိရတယ်၊ ဘယ်သူတွေလည်းဆိုတာတော့ မသိဘူး၊ အဲဒါကြောင့် ၁၀ရက်နောက်ဆုတ်ပေးလိုက်တာပါ၊ အဲဒါပြီးရင်တော့ စည်ပင်ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်းဘဲ ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ပြောသည်။

ဟားခါးမြို့ မြို့ပြစီမံကိန်းဖော်ဆောင်မည့် မြေဧက ၆၀၀ ကျော်အတွင်းကျူးကျော်နေထိုင်သည့် အိမ်ခြေ ၁၃၀ ကျော်ရှိပြီး ရက်၆၀အတွင်း ဖျက်သိမ်းရန် စည်ပင်မှ အမိန့်ထုတ်ထားသော်လည်း ဖျက်သိမ်းခြင်းမရှိသည့်အတွက် ဥပဒေအတိုင်း စည်ပင်မှ ဖျက်သိမ်းရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...