ကင်းတလင်းရွာသားများကို ရက္ခိုင့်တပ်မတော်မှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်

ကင်းတလင်းရွာသားများကို ရက္ခိုင့်တပ်မတော်မှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်

ရက္ခိုင့်တပ်မတော်AAမှ ဖမ်းဆီးထားသော ကင်းတလင်းရွာသားများကို ဇူလိုင်လ(၃၁)ရက်နေ့ နံနက်ကိုးနာရီတွင် အုန်းသီးဝကျေးရွာရှိ ရပ်မိရပ်ဖများထံသို့ ရက္ခိုင့်တပ်မတော်မှ အပ်နှံထားပြီဖြစ်ကြောင်း  ရက္ခိိုင့်တပ်မတော်AAမှ ဇူလိုင်လ (၃၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကင်းတလင်းရွာသူ/ရွာသားများသည် ရက္ခိုင့်တပ်မတော်စခန်းတွင် နေထိုင်ရေးအခက်ခဲ ရှိခြင်း၊ နဂိုမှုလနေရပ်သို့ ပြန်လည်အခြေချနေထိုင်လိုသည်ဟု ပြောဆိုလာသောကြောင့် ယခုလို အပ်နှံထားခြင်းဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာ့တပ်မတော်အဖွဲ့၏ ရက်စက်ယုတ်မာမှုများကို စိုးရိမ်ကြောင့်ကြ၍  ရွာသားအချို့ တောထဲတွင်ထွက်ပြေး တိမ်းရှောင်နေကြသည့်ထဲတွင်  ပလက်ဝမြို့နယ်ရှိ ကင်းတလင်း ရွာသားအချို့ကိုလည်း လူသားချင်းစာနာထောက်ထားသော စိတ်ဓာတ်ဖြင့် လုံခြုံစိတ်ချရသော နေရာတစ်ခုတွင် ယာယီနေရာချပေးထားခဲ့ခြင်းဖြစ်ကြောင်း ရခိုင့်တပ်မတော်AAမှ ထုတ်ပြန်ကြေညာခဲ့သည်။

ကင်းတလင်းရွာသားများ၏ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ လူမှုရေး၊ မီးဖွားခြင်း ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ မိမိတို့တွင်ရှိသော ရိက္ခာ၊ ဆေးဝါး ငွေကြေးများဖြင့် အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ထားပြီး နိုင်ငံတကာရောက် ရခိုင်မိသားစုများ၊ ရခိုင်အသိုင်းအဝိုင်းများမှလည်း  မိသားစုစိတ်ဓာတ်ဖြင့် (၅)လကျော်ကြာ ထောက်ပံ့ကူညီခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ပလက်ဝမြို့နယ်ရှိ ကင်းတလင်းရွာသားများကို ရက္ခိုင့်တပ်မတော်AAမှ ဖေဖော်ဝါရီလပိုင်းတွင် ကင်းတလင်းရွာသူ/ရွာသား ၅၄ဦးကို ရက္ခိုင့်တပ်မတော်AA စခန်းတွင် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...