နှာဟရိန်မြို့ဘော်လုံးကွင်းတွင် ထွေအုပ်ရုံးတည်ဆောက်ရေး မတည်ဆောက်ရေးတွင် မဲခွဲဆုံးဖြတ်မည်ဟု သဘောတူခဲ့သော်လည်း အာဏာပိုင်များမှ လမ်းကြောင်းရွေ့အောင် လုပ်ဆောင်နေကြောင်း ဒေသခံများမှပြော

နှာဟရိန်မြို့ဘော်လုံးကွင်းတွင် ထွေအုပ်ရုံးတည်ဆောက်ရေး မတည်ဆောက်ရေးတွင် မဲခွဲဆုံးဖြတ်မည်ဟု သဘောတူခဲ့သော်လည်း အာဏာပိုင်များမှ လမ်းကြောင်းရွေ့အောင် လုပ်ဆောင်နေကြောင်း ဒေသခံများမှပြော

ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ နှာဟရိန်မြို့ ဘော်လုံးကွင်းတွင် အထွေထွေအုပ်ချုပ်ရေးရုံး တည်ဆောက်ရေး မတည်ဆောက်ရေးတွင် မဲခွဲဆုံးဖြတ်ရန် ချင်းပြည်နယ်အစိုးရနှင့် ကန့်ကွက်သူများအကြား နှစ်ဦးနှစ်ဘက်သဘောတူခဲ့သော်လည်း အာဏာပိုင်များမှ လမ်းကြောင်းရွေ့အောင် လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့က လူကြီးပီပီ ဖြေရှင်းချင်တယ်ဆိုရင်တော့ ကျနော်တို့ ဆန္ဒဖော်ထုတ်တဲ့ဘက်ရော၊ ရုံးဆောက်မယ့်သူတွေရယ်၊ ခရစ်ယာန်ဒေသဖြစ်တဲ့အတွက် ဘာသာရေးခေါင်းဆောင်တွေရယ်၊ အုပ်ချုပ်ရေးအဖွဲ့ရယ်၊ အားလုံးတွေ့ဆုံပြီးတော့မှ ကိုယ်စားလှယ်တွေ ဆွေးနွေးသင့်တယ်၊ အခုဟာက ရပ်ကျေးအုပ်ချုပ်ရေးနှင့် မြို့အုပ်ချုပ်ရေးက စီစဉ်ပေးတဲ့ ကိုယ်စားလှယ်တွေကိုဘဲတွေ့ပြီးတော့မှ ကိုးဆယ်ရာခိုင်နှုန်းထောက်ခံတယ်ဆိုတဲ့ စကားလုံးကိုဘဲ ပြောနေတာက ကျနော်တို့ သဘောမကျဘူး၊ အဲဒီတော့ သူတို့က ဒီကိစ္စအပေါ်မှာ ဘက်လိုက်နေတာရယ်၊ ဆောက်လုပ်ရေးကုမ္ပဏီနှင့် တစ်နည်းနည်းနဲ့များ ဆက်ဆံရေးရှိနေသလားဆိုတာရယ် ကျနော်တို့ဘက်က သံသယရှိနေတယ်ဗျ၊ အဲဒါကြောင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ထွေအုပ်မင်းကြီးကို တောင်းဆိုချင်တာက ကျနော်တို့ရှုံးရင်လည်း ကျေကျေနပ်နပ်အရှုံးပေးပါမယ်၊ ကျနော်တို့နိုင်ရင်လည်း လူကြီးမင်းတွေ အထင်မလွဲပါနဲ့ဆိုပြီး လူကြီးပီပီ ကတိကဝတ်တွေထားခဲ့ပြီးကာမှ အခုကျမှ မဲနဲ့ခွဲမယ့်ဟာကို လမ်းကြောင်းရွေ့သွားအောင် သူတို့ဘက်က လုပ်ဆောင်နေတာတော့ တော်တော် သဘောမကျဘူးဗျ”ဟု နှာဟရိန်မြို့ ဒေသခံ ဦးခင်မောင်စိုး မှပြောသည်။

ဖြစ်စဉ်မှာ နှာရိန်မြီု့ အထကကျောင်းဝင်းအတွင်း အစိုးရုံးများ ဆောက်လုပ်နေခြင်းနှင့် ပါတ်ဝတ်ပြီး ဒေသခံပြည်သူများမှ ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ရာ အြင်းပွားမှုများဖြစ်ပွားခဲ့သဖြင့် ဇူလိုင်လ ၂၂ရက်နေ့တွင် ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ထွေအုပ်မင်းကြီး တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ မဲဆန္ဒဖြင့် ဆုံးဖြတ်ရန် သဘောတူခဲ့ကြသဖြင့် ဒေသခံများမှ ဆန္ဒမဲဖြင့် အတည်ပြုရန် စောင့်ဆိုင်းခဲ့ကြောင်းသိရသည်။

ဦးခင်မောင်စိုးမှ “၂၇ရက်နေ့မှာ ဆန္ဒမဲကောက်ယူဖို့ အတည်ပြုခဲ့ပေမယ့် ၂၆ရက်နေ့မှာ ဘာသာရေးအဖွဲ့အစည်းအမည်နဲ့ စားတင်ထားတာရှိလို့ဆိုပြီးတော့ မဲခွဲဆုံးဖြတ်မယ့်နေ့ကို ရွှေ့ဆိုင်းခဲ့တယ်၊ ဒါကိုသိသွားတဲ့ သူတို့အသင်းသားတွေက မကျေနပ်ကြဘူး၊ အဒါကြောင့် အဲဒီထောက်ခံကြောင်း စာတင်ထားတဲ့သူသုံးယောက်ကို အဲဒီအဖွဲ့အစည်းက ခေါ်ပြီးတော့ သတိပေးတာတွေလုပ်တယ်၊ အဲဒီနောက်မှာ မဲခွဲဆုံးဖြတ်လို့ရှိရင် ဒေသခံပြည်သူတွေရဲ့ အင်အားကို မယှဉ်နိုင်ဘဲ ရှုံးနိမ့်မှာကို သိနေတာကြောင့် လိမ်နည်းအမျိုးမျိုးနဲ့လိမ်နေတယ်လို့ပြောချင်တယ်”ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရ၏ စေခိုင်းချက်အရ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဇူလိုင်လ ၂၉ရက်နေ့တွင်လာရောက်ခဲ့ပြီး လာရောက်စဉ်တွင်း မြို့ခံလူထု လေးရာကျော်မှ ကြိုဆိုခဲ့ကြသော်လည်း စကားပြောဆိုခြင်းမရှိကြောင်း၊ ဆွေးနွေးပွဲလုပ်ရာတွင်လည်း အုပ်ချုပ်ရေးအဖွဲ့နှင့် ထောက်ခံသူများကိုသာတွေ့ဆုံခဲ့ပြီး၊ ကန့်ကွက်သူများကို ဝင်ရောက်ခိုင်းခြင်းမရှိကြောင်း၊ ထို့ပြင် ဆွေးနွေးပွဲလုပ်ခဲ့သော်လည်း မည်သည့်ဆုံးဖြတ်ချက်မှ မချဘဲ ညနေပိုင်းတွင် ထန်တလန်မြို့သို့ပြန်သွားကြောင်း သိရသည်။

နှာရိန်းမြို့ဒေသခံများအနေဖြင့် အထကဘော်လုံးကွင်းတွင် အစိုးရရုံး တည်ဆောက်ရေး မတည်ဆောက်ရေးနှင့် ပတ်သတ်ပြီး သဘောတူထားသည့်အတိုင်း ဒီမိုကရေစီနည်းလမ်းကျကျဖြင့် မဲခွဲဆုံးဖြတ်ရန် လိုလားလျက်ရှိကြောင်းသိရသည်။

နှာရိန်းမြို့ရှိ အထကဘော်လုံးကွင်းမှာ ဘိုးဘွားအမွေအဖြစ် ဒေသခံများမှ သတ်မှတ်ထားသည့်နေရာဖြစ်ပြီး မြို့ပြဧရိယာသတ်မှတ်စဉ်ကလည်း ဌာနဆိုင်ရာရုံးများအတွက် မြေနေရာများ သတ်မှတ်ပေးထားပြီးဖြစ်သော်လည်း ဒေသခံများကိုညှိနှိုင်းခြင်းမရှိဘဲ ဘော်လုံးကွင်းတွင် ရုံးတည်ဆောက်နေသဖြင့် ကန့်ကွက်နေခြင်းဖြစ်ကြောင်းသိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...