ပလက်ဝစစ်ဘေးရှောင်များအခြေအနေ ထင်ထားသည်ထက် ပိုဆိုးရွားနေဟု အကူအညီ သွားရောက်ထောက် ပံ့သူပြော

ပလက်ဝစစ်ဘေးရှောင်များအခြေအနေ ထင်ထားသည်ထက် ပိုဆိုးရွားနေဟု အကူအညီ သွားရောက်ထောက် ပံ့သူပြော

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များအခြေအနေမှာ ထင်ထားသည့်အနေအထားထက် ပိုမိုဆိုးရွားသည့် အခြေအနေကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များကို သွားရောက်ထောက်ပံ့ခဲ့သည့် အဖွဲ့တွင် ပါဝင်သူ ဆလိုင်းထောင်းထောင်းကပြောသည်။

ဆလိုင်းထောင်းထောင်းက “မီးဇာစစ်ဘေးရှောင်စခန်း ရောက်တဲ့ အချိန်မှာလည်း  လက်နက်ကြီးပစ်သံတွေ ကြားနေရသေးတယ်။ စစ်ရှောင်နေတဲ့ ရွာသူရွာသားတွေကလည်း စိုးရိမ်နေရတဲ့ အနေထားမှာရှိနေတယ်။ နောက်ပြီး စားဝတ်နေရေး၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကစ သူတို့တော်တော်လေးကို ခံစားနေရတာဖြစ်တယ်။ ကျွန်တော်တို့အစက စစ်ဘေးရှောင်ဆိုတော့ ဒုက္ခရောက်မယ်ဆိုတာ ကြိုသိတယ်။ ဒါပေမဲ့ တကယ်သွားရောက်တဲ့အချိန်မှာ ထင်ထားဒါထက်ပိုပြီး တော်တော်လေး ဒုက္ခရောက်ကြတယ်။ သောက်သုံးရေ လုံလောက်မှုတွေလည်း မရှိကြဘူး မိုးရာသီမှာမို့သာ မိုးရေကို အသုံးပြုကြတယ်”ဟုပြောသည်။

စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော မီးဇာကျေးရွာတွင် ပညာသင်ကြားနေကြသော ကျောင်းသူ၊ကျောင်းသားများမှာ စာသင်ခုံမလုံလောက်ခြင်း၊ သင်ရိုးညွှန်းများ နှင့်ကျောင်းဝတ်စုံအလုံ အလောက်မရှိခြင်းအပြင် ကျောင်းဆရာ/ဆရာမ အလုံအလောက်မရှိခြင်းများ ရှိနေကြောင်း သွားရောက်ကူညီခဲ့သူများမှပြောသည်။

ဆလိုင်းထောင်းထောင်းက “ကျောင်းတွေမှာလည်း ဆရာ/ဆရာမ ခြောက်ယောက်လောက် ရှိရမယ့်အနေအထားမှာ  ကျောင်းအုပ်ကြီးနဲ့ ကျောင်းဆရာတစ်ဦးဘဲရှိတယ်။ စစ်ဖြစ်တော့ တခြားဒေသကနေ စာလာသင်ပေးတဲ့ ဆရာ၊ဆရာမတွေက ပြန်မလာရဲကြတော့ဘူး”ဟုပြောသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ဟားခါးမြို့နယ်၊ဖလမ်းမြို့နယ်၊ မင်းတပ်မြို့နယ်နှင့်  ချင်းကျောင်းသား သမဂ္ဂ(ကလေး) တို့မှအလှူငွေကောက်ခံရရှိသည့် ငွေများကို  ခုနှစ်ရက်အကြာ စစ်ဘေးရှောင်စခန်းတွင် ငွေကြေးဖြင့် သော်လည်းကောင်း ပစ္စည်းအချို့ဖြင့်လည်းကောင်း သွားရောက်လှူတန်းခဲ့ကြောင်းသိရသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသော စစ်ဘေးရှောင်များမှာ အဖွဲ့အစည်း နှစ်ဖွဲ့ဖြစ်ကြသော ရက္ခိုင့်တပ်မတော်AAနှင့် မြန်မာတပ်မတော်တို့အကြား ပစ်ခတ်သံများကြောင့် ကြောင့်လန့်စိတ်များဖြင့်နေထိုင်နေကြရသဖြင့် စစ်ဘေးရှောင်ပြည်သူများ ကိုယ့်ရပ်ရွာဒေသသို့ အမြန်ပြန်နိုင်အောင် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပေးရန်လည်း ချင်းအဖွဲ့အစည်းများမှ တောင်းဆိုနေကြသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...