ကချင်ပြည်နယ်တွင် H1N1 ရာသီတုတ်ကွေးကြောင့် လူ ၁ ဦး သေဆုံး

ကချင်ပြည်နယ်တွင် H1N1 ရာသီတုတ်ကွေးကြောင့် လူ ၁ ဦး သေဆုံး

ကချင်ပြည်နယ်တွင်လည်း ရာသီတုတ်ကွေး H1N1 ရောဂါ ကူးစက်ပျံနှံ့မှုရှိနေပြီး လူသေဆုံးမှုအခြေအနေထိရှိနေပြီ ဖြစ်ကြောင်း ပြည်နယ်ကျန်မာရေး ဦးစီးဌာနမှ သိရပါသည်။

မြစ်ကြီးနားမြို့အတွင်း အခုနှစ် ဇန်နဝါရီလမှ ယခုဇူလိုင်လ တတိယအပတ် အထိ H1N1 တုတ်ကွေးပိုး စစ်ဆေးတွေ့ရှိသူ (၂၆)ဦးထိ ရှိပြီး (၁)ဦး သေဆုံးခဲ့ကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှတာဝန်ရှိသူ ဒေါက်တာ Z. Lum Hkawng (ဇက်လွမ်းခေါင်)က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“ရာသီတုတ်ကွေးမှာ အမျိုးအစား A၊ B၊ C ဆိုပြီးရှိတယ်။ အခုကျနော်တို့မှာ ဖြစ်နေတာက A နဲ့ B က ပိုမိုကူးစက်ပျံနှံ့မှုရှိတယ်။ အဲ ၂ မျိုးထဲမှာ မျိုးကွဲများစွာရှိသေးတယ်။ A(H1N1)၊ A(H3N2) တွေက ရာသီ တုတ်ကွေးအဖြစ်ပျံ့နှံ့နေလျက်ရှိတယ်” ဟုပြောဆိုခဲ့သည်။

ရာသီတုတ်ကွေးသည် မိုးတွင်း နှင့် ဆောင်းတွင်းကာလများတွင် နှစ်စဉ်အများဆုံးတွေ့ရပြီး အသက်ရှူလမ်းကြောင်းမှတဆင့် အချင်းချင်း ကူးစက်မှုမြန်ကြောင်း အသိပေးကြေငြာထားသည်ကို တွေ့ရပါသည်။

ထို့နောက် အဓိကအားဖြင့် ရာသီတုတ်ကွေးရောဂါဖြစ်ပွားသူ ချောင်းဆိုးလိုက်တဲ့ အမုန်အမွှားများကို ရှူရှိုက်လိုက်ပါက ကူးစက်သွားနိုင်သည့်အတွက် လက်ကိုင်ပဝါ အသုံးပြုရန်လိုအပ်ကြောင်းနှင့် လက်ကိုဆပ်ပြာဖြင့် သန့်စင်အောင် ဆေးကြောပေးရန် အထူးလိုအပ်ကြောင်းကို ဒေါက်တာ Z. Lum Hkawng က ပြောပါသည်။

လေ့လာစပ်သပ်ချက်အရ တစ်နှစ်တွင် တစ်ကမ္ဘာလုံးအဆင့် ရာသီတုတ်ကွေးကို လူဦးရေ ၃သန်းမှ ၅သန်းအထိ ကူးစက်ပျံ့နှံ့နေပြီး လူဦးရေ ၂ခွဲသိန်းမှ ၅သိန်း နှစ်စဉ် သေဆုံးရကြောင်းကိုလည်း ပြည်သူ့ကျန်းမာရေးဌာန ပြောဆိုချက်မှသိရသည်။

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...