အမ်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် ချင်းကျေးရွာအချို့တွင် ကျောင်းများပိတ်ထားမှု နှစ်ပတ်ကျော်ပြီဖြစ်

အမ်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် ချင်းကျေးရွာအချို့တွင် ကျောင်းများပိတ်ထားမှု နှစ်ပတ်ကျော်ပြီဖြစ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲပိုမိုပြင်းထန်လာခြင်းကြောင့် ဒေသခံချင်းတိုင်းရင်းသား ရွာသားများ ရာဂဏန်းထွက်ပြေးနေရပြီး ကျောင်းပိတ်ထားသည်မှာလည်း နှစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၁၇ ရက်နောက်ပိုင်း ချင်းတိုင်းရင်းသားအများစုနေထိုင်သည့် ကျေးရွာများအနီး လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုဖြစ်ပွားခြင်းကြောင့် နီးစပ်ရာ ကျေးရွာများနှင့် အမ်းမြို့ပေါ် ခရစ်ယာန်ဘုရားကျောင်း၊ ကျောက်တော်မြို့၊ ရန်ကုန်မြို့များရှိ နီးစပ်ရာဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အမည်မဖော်လို စစ်ဘေးရှောင်တစ်ဦးက “ပြီးခဲ့တဲ့အပတ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ အသံတွေကို ကြားရတော့ ဒေသခံလူတွေအတွက် စားဝတ်နေရေး ဖြစ်ဖြစ် လုံခြုံရေးအရဖြစ်ဖြစ် လုံခြုံမှုမရှိတော့လို့ ပြောင်းရွေ့နေထိုင်ကြရတာပါ။ ဒီလိုပြောင်းရွေ့လိုက်လို့ ကျောင်းတွေပိတ်ထားရတာကလည်း နှစ်ပတ်ကျော်ရှိသွားပြီ”ဟုပြောသည်။

အမ်းမြို့နယ် ရူးကျေးရွာ၊ သရွဲကျေးရွာနှင့် မဲလက်မောင်းကျေးရွာမှ ဒေသခံရာဂဏန်းထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ပြီး မဲသံကြိုးကျေးရွာမှ လူဦးရေ ၄၀ ခန့် ကျေးရွာတွင် ကျန်ရစ်နေသေးကြောင်းသိရသည်။

စစ်ဘေးရှောင်ဒုက္ခသည်တစ်ဦးက “ အစိုးရတပ်မတော်နဲ့ အေအေကြားမှာ ချင်းတိုင်းရင်းသားတွေအနေနဲ့ ကြားညှပ်အနေအထားဖြစ်နေတဲ့အတွက် အခြေအနေများကို မပြောရဲမဆိုရဲတဲ့အနေအထားလည်းဖြစ်နေတယ်” ဟုပြောသည်။

နေရပ်စွန့်ခွာထွက်ပြေးကြရသော ချင်းတိုင်းရင်းသားများအနေဖြင့် အစားအသောက်၊ နေရာထိုင်ခင်းများအတွက် အခက်အခဲများရင်ဆိုင်နေကြရသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...