စစ်ဘေးရှောင်များအတွက်ရရှိသည့် အလှူငွေဖြင့် တစ်လ ဆန်အိတ်ငါးထောင် ဝယ်ယူမည်

စစ်ဘေးရှောင်များအတွက်ရရှိသည့် အလှူငွေဖြင့် တစ်လ ဆန်အိတ်ငါးထောင် ဝယ်ယူမည်

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် မြို့နယ်အသီးသီးမှ ပေးလှူကြသော ငွေများဖြင့်  တစ်လလျှင် ဆန်အိတ်ငါးထောင် ဝယ်ယူသွားမည် ဖြစ်ကြောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌဦးဝေတန်းကပြောသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် ပေးလှူကြသောငွေသားဖြင့် တစ်လလျှင် ဆန်အိတ်ပေါင်း ငါးထောင်ကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ဝယ်ယူပြီး ပလက်ဝမြို့ပေါ်တွင် သိုလှောင်၍ ဈေးသက်သာစွာဖြင့် စစ်ဘေးရှောင်များနှင့် ပလက်ဝမြို့နယ်ရှိကျေးရွာများ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌဦးဝေတန်းက “ဆန်ကို ကျောက်တော်မှာ သွားဝယ်ရတယ်ဆိုတော့ သွားဝယ်တဲ့အချိန် ကြားကာလ လမ်းခရီးမှာ အနှောက်အယှက်လေးတွေရှိနိုင်တယ်။ နောက်ပြီး နယ်မြေမကျွမ်းကျင်တဲ့ အခက်အခဲလေးတွေလည်းရှိနိုင်တယ်။ အဲလိုအခက်အခဲတွေကို စစ်ဘေးရှောင်ပြည်သူတွေ မခံစားရလေအောင်  ကျတော်တို့ကနေ ဆန်ကုန်သည်တွေကို ချိက်ဆက်ပြီး ဆန်ဝယ်မယ်ပြီးရင် ပလက်ဝမှာလှောင်ပြီး  ဈေးသက်သာစွာနဲ့ တိုက်ပွဲရှောင်တွေနဲ့ ပလက်ဝမြို့အထက်ပိုင်းနဲ့ ရွာသူရွာသားတွေ စားဝတ်နေရေး အဆင်ပြေအောင် အာဏာပိုင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အဲဒီလိုအကြံပြုတော့ ကျွန်တော်တို့လည်း အဲဒီလိုလုပ်ဖို့ပြင်ဆင်နေတယ်”ဟုပြောသည်။

ပြီးခဲ့သောလတွင် ပလက်ဝမြို့ပေါ်သို့ ကျေးရွာပေါင်း (၅)ရွာမှ ပြောင်းရွှေ့စစ်ဘေးရှောင် ခဲ့ကြပြီး လက်ရှိတွင် လာရောက်ခိုလှုံခဲ့သည့် ကျေးရွာများမှာ နေရပ်ပြန်နိုင်ခဲ့ကြပြီဖြစ်သော်လည်း စားနပ်ရိက္ခာအတွက် အခက်အခဲရှိနေသေးခြင်းကြောင့် သုံးလအထိ ကူညီပံ့ပိုးပေးမှုများ လိုသေးကြောင်းသိရှိရသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...