ချင်းပြည်နယ်တွင် ရေအားလျှပ်စစ်စီမံကိန်း ၈ခုတည်ဆောက်ရန် တရုတ်နှင့် နော်ေ၀ ကုမ္ပဏီမှ စာချုပ်ချုပ်ဆိုထားကြောင်း လျှပ်စစ်ဝန်ကြီးမှပြော

ချင်းပြည်နယ်တွင် ရေအားလျှပ်စစ်စီမံကိန်း ၈ခုတည်ဆောက်ရန် တရုတ်နှင့် နော်ေ၀ ကုမ္ပဏီမှ စာချုပ်ချုပ်ဆိုထားကြောင်း လျှပ်စစ်ဝန်ကြီးမှပြော

ချင်းပြည်နယ်အတွင်းတွင် ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ရန် တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုမှ ငါးခုတည်ဆောက်ရန် နှင့် နော်ေ၀ ကုမ္ပဏီမှ ၃ခု အားလုံးပေါင်း ၈ခုတည်ဆောက်ရန် သဘောတူ စာချုပ်ချုပ်ဆိုထားကြောင်း စည်ပင်နှင့်လျှပ်စစ်ဝန်ကြီး ဦးစိုးထက်မှ ချင်းပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ ၂၀၁၉ ဧပြီလမှာ Norway Power နဲ့ ယောချောင်းနှင့် ချီချောင်းမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ လောက် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ MOU စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်၊ နောက်ပြီးတော့ Power China ကုမ္ပဏီနှင့် ချင်းပြည်နယ်အတွင်းမှာ ၃၀မီဂါဝပ်အောက်ထုတ်ယူနိုင်တဲ့ ရေအားလျှပ်စစ် စီမံကိန်း ၅ခုတည်ဆောက်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်၊ အဲဒီဟာက ဟားခါးမြို့နယ်အတွင်းမှာ ၂ခု၊ ထန်တလန်မြို့နယ်အတွင်းမှာ ၁ခု၊ မတူပီမြို့နယ်အတွင်းမှာ ၁ခု၊ ပလက်ဝမြို့နယ်အတွင်း မှာ ၁ခု တည်ဆောက်ဖို့သဘောတူထားပါတယ်၊ နော်ဝေပါဝါနှင့် ချုပ်ဆိုထားတဲ့စာချုပ်အပါအဝင်ဆိုရင် အားလုံးပေါင်း ၈ခုတည်ဆောက်ဖို့ သဘောတူထားပါတယ်”ဟု ချင်းပြည်နယ် စည်ပင်နှင့် လျှပ်စစ်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

ချင်းပြည်နယ်တစ်ခုလုံးတွင် လျှပ်စစ်မီး လွှမ်းခြုံနိုင်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ဆက်သွယ်လာပါက ၃၀မီဂါဝပ်အောက် လျှပ်စစ်မီးစီမံကိန်းများကို ချင်းပြည်နယ်အစိုးရမှ ခွင့်ပြုပေးပြီး ၃၀မီဂါဝပ်အထက် စီမံကိန်းများကို ပြည်ထောင်စုနှင့် ဆက်သွယ်ပေးလျက်ရှိကြောင်းသိရသည်။

လျှပ်စစ်ဝန်ကြီး ဦးစိုးထက်မှ“ချင်းပြည်နယ်ဟာ ရေမြေတောတောင်သဘာဝအရ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မယ့် နေရာတွေ အများကြီးရှိပါတယ်၊ လက်ရှိအနေနဲ့ ချင်းပြည်နယ်အတွင်းမှာ ရေအားလျှပ်စစ်အတွက် စူးစမ်းလေ့လာတိုင်းတာပြီးတာ ၁၇နေရာရှိပါတယ်၊ အဲဒီထဲမှာ အကြီးစားရေအားလျှပ်စစ်က ၂ခုပါပါတယ်၊ အဲဒီနှစ်ခုက လေးမြို့ - ၁ ရေအားလျှပ်စစ်စီမံကိန်းနှင့် မီဂါဝပ် ၃၈၀ ထွက်မယ့် မဏိပူရ ရေအားလျှပ်စစ် စီမံကိန်းတွေဖြစ်ပါတယ်၊ အလတ်စားက ဘွေနူးမြစ်မှာ တစ်ခုပါတယ်၊ နောက် အသေးစားကတော့ ၁၄ခုပါပါတယ်၊ အသေးစားကတော့ ဖက်စပ်လုပ်ကိုင်မယ့်ကုမ္ပဏီရှိရင် လုပ်ကိုင်နိုင်အောင် ကွင်းဆင်းလေ့လာခိုင်းထားပါတယ်”ဟုပြောသည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းများထဲမှ မဏိပူရမြစ်စီမံကိန်းမှာ ၁၅ရာခိုင်နှုန်းခန့်တည်ဆောက်ပြီးနောက် လက်ရှိတွင်ရပ်ဆိုင်းထားသော်လည်း စီမံကိန်းဆက်လက်တည်ဆောက်နိုင်ရန် ပြည်ထောင်စုသို့ တင်ပြထားကြောင်းသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...