ချင်းပြည်နယ် နှာဟရိန်မြို့ အ.ထ.က ကျောင်းရှေ့ရှိအားကစားကွင်း အတွင်း လမ်းဖောက်ခြင်း၊ ထွေအုပ်ရုံးဆောက်လုပ်နေခြင်းများကို ဖျက်သိမ်းပေးရန် သက်ဆိုင်ရာဌာနများကို စာတင်သော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိသော ကြောင့် ဇူလိုင်လ (၁၄)ရက်နေ့တွင် ဒေသခံလူထူများမှ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နှာဟရိန်မြို့ဒေသခံ ဆလိုင်းမိုက်ကယ်က “ပြီးခဲ့တဲ့ ၂၀၁၆ တုန်းကလည်း ကျောင်းဘောလုံးကွင်းထဲ လမ်းကို မဖောက်ဘဲ တခြားနေရာကနေ ဖောက်လုပ်ဖို့လည်း စာတွေကိုလည်း ပြည်နယ်အစိုးရကိုတင်တယ်။ ဒါပေမဲ့ အရေးယူဆောင်ရွက်ပေးတာတွေ မရှိခဲ့ဘူး။ ဒီတစ်ခေါက်လည်း ကျောင်းနယ်နိမိတ်အတွင်းမှာ ထွေအုပ်ရုံးဆောက်မယ်ဆိုပြီးမှ မြို့နယ်ကလူတွေလာကြတယ်။ ပြီးတော့ ဒီရွာက လူဆယ့်နှစ်ဦးယောက်က သဘောတူတယ် ဆိုပြီးမှ ဆောက်လုပ်ဖို့ ဖောင်ဒေးရှင်းတွင် တူးနေကြပြီ။ နောက်ပြီး ကျောင်းနယ်နိမိတ်ထဲအဲလိုလုပ်တော့ ကလေးတွေအတွက် ယာဉ်အန္တရယ်လည်းရှိတယ်။ဘောလုံးကွင်းရှိမှ အထကကျောင်းသည် နောက်ထပ် ကျောင်းသားသူတွေတွက် အားကစားဘက် ပိုမိုတိုးတက်လာပြီး ကျောင်းအတွက် လိုအပ်တာတွေကိုလည်း နောက်ထပ်အခွင့်အရေးတွေ ရှိလာမှဖြစ်ပါသည် ၎င်းဘောလုံးကွင်းကို အသွား၂လက်မခန့်ရှိ ချင်းရိုးရာပေါက်တူး ပုလိုင်း နွားသားရေများကို အသုံးပြုပြီး ၃နှစ် ၄နှစ် ခန့်အချိန်ယူ တူးဖောက်ခဲ့တယ် ဘိုးဘွားအမွေကို အဖျက်မခံချင်လို ကွန့်ကွက်ခြင်းဖြစ်ပါတယ်” ဟုပြောသည်။
နှာဟရိန်မြို့ အ.ထ.ကကျောင်းရှေ့တွင် အားကစားကွင်းအတွင်း လမ်းဖောက်လုပ် စဉ်ကပင် ဒေသခံများမှ ကန့်ကွက်ခဲ့ကြသော်လည်း ဂရုစိုက်ခြင်းမရှိဘဲ လမ်းများဖောက်လုပ်ခဲ့ပြီးနောက် ယခုကျောင်းနယ်နိမိတ်အတွင်း ထွေအုပ်ရုံးအဆောက်အဦးများကို ထပ်မံဆောက်လုပ်ရန် ပြင်ဆင်နေကြခြင်းအပေါ် သမ္မတထံသို့လည်းကောင်း၊ ဒုသမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်တို့ထံ စာတင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ အရေးယူပေးခြင်းမရှိကြောင်းကိုလည်း ဆလိုင်းမိုက်ကယ်ကပြောသည်။
ဆလိုင်းမိုက်ကယ် က“သမ္မတရုံးရယ် ဒုသမ္မတရုံးကိုလည်း စာတင်တယ် ။ ဒေါ်အောင်ဆန်းစုကြည် တို့ဆီကိုလည်း စာတင်တယ်။ ဌာနတွေဖက်ကလည်း စာတင်တယ်။ ဒါပေမဲ့ အရေးယူပေးခြင်းမရှိတော့ ကျွန်တော်တို့ဒေသခံတွေက အခုလို လူထုလှုပ်ရှားမှုတွေ လုပ်ရတာဘဲဖြစ်တယ်”ဟုပြောသည်။
နှာဟရိန်မြို့သည် ထန်တလန်မြို့နယ်အတွင်းတည်ရှိပြီး ကျေးရွာအဆင့်မှ မြို့အဆင့်သို့တိုးမြှင့်ခံရသည့် မြို့ဖြစ်သည်။







