ချင်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနသစ်၏ ဝန်ကြီးအသစ်ဖြစ်သူ ဦးဖွေအား အကောင့်အမည်ဖြင့် ဇွန်လ (၈) ရက်နေ့က ငွေလိမ်လည်မှုဖြစ်ပွားကြောင်း ငွေအလိမ်ခံရသူ မိုင်အိစန္ဒာမာန်ကပြောသည်။
ငွေအလိမ်ခံရသူ မိုင်အိစန္ဒာမာန်က ဝန်ကြီး ဦးဖွေအာ အကောင့်ဖြင့် စကားလာပြောပြီး ၎င်း၏သမီး သူနာပြုသင်တန်းတက်နေသည့်အတွက် သင်ထောက်ကူပစ္စည်းဝယ်ရန် အရေးကြီး ငွေတစ်သိန်းပို့ပေးရန်ပြောဆိုခဲ့ကြောင်း ပြောသည်။
မိုင်အိစန္ဒာမာန်က “ကျွန်မဆီမှာလည်း ငွေတစ်သိန်းကျော် ကျော်လေးရှိနေတော့ ကူညီပေးလိုက်မယ်ဆိုပြီး ဦးဖွေအာ အကောင့်နဲ့ ပို့ပေးလိုက်တဲ့ ဖုန်းနံပက်ကို လွှဲပေးဖို့ကျွန်မကိုပြောတော့ ငွေမလွှဲခင် အဲဒီဖုန်းနံပတ်ကို ဖုန်းဆက်ကြည့်တယ် ဖုန်းမကိုင်ဘူး၊ ဖုန်းကိုချလိုက်တယ်၊ ကျွန်မကလည်း (ချက်ခြင်းငွေလွှဲပေးလို့ အဆင်မပြေလို့) စာပြန်ပို့တော့ သူကလည်း ငွေကိုချက်ခြင်းလိုအပ်နေတဲ့ ပုံစံဖြစ်နေတော့ ကျွန်မကလည်း ချက်ခြင်းကိုယ် ချင်းစာမိသွားတယ်၊ ကျွန်မဆီမှာ အကူညီတောင်းတာကတော့ အကူညီအရမ်းလို အပ်နေလို့ ဖြစ်မှာဆိုပြီးတော့ ကျွန်မလည်း မြန်မာပလာဇာကနေ ချက်ခြင်းထွက်ပြီး wave moneyကနေလွှဲလို့ရမဲ့ နေရာကိုရှာပြီးမှ သွားလွှဲပေးလိုက်တယ်” ဟုပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးသစ် ဦးဖွေအာက “ အဲဒီအကောင့်က အဟက်ခံရတာ။ မသုံးတာအရမ်းကြာပြီ။ သုံးလို့လည်းမရတော့ဘူး။ အခုအကောင့်အသစ် ပြန်ဖွင့်ထားတာကိုလည်း လောလောဆယ်ပြန်ပိတ်ထားတယ်။ အခုလို ကျွန်တော့်နာမည်အကောင့်နဲ့ ငွေလိမ်တာဖြစ်တာသိလာတော့ ဆက်သွယ်ရေးဌာနဖက်က ညှိနှိုင်းပေးဖို့လည်း စာတင်ဖို့လုပ်နေတယ်” ဟုပြောသည်။
သူကဆက်ပြီး “ ကျွန်မလွှဲပေးလိုက်တဲ့ငွေ ရမရကို ဖုန်းဆက်မေးကြည့်တော့ ဖုန်းမကိုင်ဘူး။ သူမအားသေးလို့နေမှာဆိုပြီး ကျွန်မလည်း မြန်မာပလာဇာကို ပြန်လာပြီးမှ ညစာပြန်သွားစားတယ်။ ပြီးတော့ မြန်မာပလာဇာကနေ ကျွန်မတို့အိမ်ကို ပြန်မဲ့လမ်းကဝေးတယ်။ တကယ်လို့ကျွန်မလွှဲပေးတဲ့ငွေ မရဘူးဆိုရင် ဒီအထိပြန် လာဖို့က မဖြစ်နိုင်ဘူးဆိုပြီးမှ ဖုန်းပြန်ဆက်တော့ ဖုန်းကစက်ပိတ်ထားတယ်တဲ့။ သူဖုန်းအားကုန်တယ်လို့ ထင်လိုက်တယ်။ နောက်ပြီးကျွန်မကို စာပို့တဲ့ အကောင့် နှစ်ခုကို ကြည့်လိုက်တော့ စာပို့လို့လည်းမရတော့ဘူး ကျွန်မကို Block သွားတယ်။ ကျွန်မလည်း အရမ်းအံသြသွားတယ်” ဟုပြောသည်။
အင်တာနက်သုံးစွဲမှုများပြားလာပြီး နည်းပညာတိုးတက်လာသည့်ယခုခေတ်ခါတွင် ဖေ့ဘုတ်များတွင် အကောင့်အတုများဖြင့် ငွေလိမ်လည်မှုများ မကြာခနဖြစ်ပွား လေ့ရှိသည်။







