ကျောင်းနေအရွယ်ကလေးများအား Body Prevention အသိပညာပေးမှုများပြုလုပ်နေ

ကျောင်းနေအရွယ်ကလေးများအား Body Prevention အသိပညာပေးမှုများပြုလုပ်နေ

မွန်ပြည်နယ်တွငိ သက်ငယ်မုဒိမ်းဖြစ်ပွားမှုသည် မနှစ်ကထက်များပြားလာသည့်အတွက် ကျောင်းနေအရွယ်ကလေးများကို Body Prevention အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောက်ရှောက်ရေးကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်ရေးရာကော်မတီတို့ ပေါင်းစပ်၍ စာသင်ကျောင်းများတွင် KG တန်းကနေ Grade(6) အထိကို မိဘနှင့် ဆရာပူးပေါင်း၍ ကလေးတွေအား အသိပညာပေးခြင်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

“ သက်ငယ်မုဒိမ်းဖြစ်ပွားမှုဟာ မနှစ်ကထက် နှုန်းတက်လာတယ် ဖြစ်တဲ့အသက်ရွယ်တွေကတော့ ၉ နှစ် ၁၄ နှစ်ကြာပေါ့ ဒီအတွက် ကလေးတွေက သူတို့ိကိုယ်သူတို့ ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို အသိပညာပေးတာတွေ လုပ်နေပါတယ် “ ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ပြည်နယ်ရဲတပ်ဖွဲ့မှရရှိသည့် သတင်းအချက်အလက်များအရ ၂၀၁၈ ခုနှစ်တွင် သက်ငယ်မုဒိန်း အမှု(၆၀)ခန့်ဖြစ်ပွားခဲ့ပြီး ၂၀၁၉ခုနှစ် မတ်လအထိ တစ်လလျှင် (၅)ကြိမ်ခန့် ဖြစ်ပွားနေကြောင်း စာရင်းများက ဖော်ပြနေသည်။

လိင်အကြမ်းဖက်မှု ကျူးလွန်ခံရသည့် ကလေးငယ်များအနေနှင့် စိတ်ဒဏ်ရာရရှိသကဲ့သို့ ၎င်းတို့၏ပညာသင်ယူဖို့ အခွင့်အလမ်းတွေပါ ဆုံးရှုံးရသည့် ဖြစ်စဉ်များရှိကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ဆက်လက်ပြောသည်။

“တချို့ကလေးတွေက မိအေးနှစ်ခါနာတဲ့ ဘဝရောက်ရတယ် အချို့အခြေအနေတွေမှာ ဒီကလေးတွေက ကျောင်းတက်ခွင့်မရတော့ဘူး ကျောင်းတွေကလက်မခံတော့ဘူး အပြင်ဖြေ ဖြေခိုင်းတယ် ဒီကလေးတွေကို အနုနည်းနဲ့ သတ်လိုက်သလိုပါပဲ “ ဟု ၎င်းကပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြီးခဲ့သည့်နှစ်များတွင် သက်ငယ်မုဒိမ်းဖြစ်ပွားမှုများ မြင့်တက်လာပြီးနောက် အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူများက ကလေးသူငယ်များအပေါ် လိင်အကြမ်းဖက်မှု ကျူးလွန်သူများအား သေဒဏ်အထိပြစ်ဒဏ်ပေးနိုင်ရန် လှုပ်ရှားမှုများ ပြုလုပ်လာကြသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ “ သေဒဏ်ပေးမယ်ဆိုရင် ဒီလူတွေက ကလေးတွေကို လက်စဖြောက်အသေသတ်တဲ့အထိ ဖြစ်လာနိုင်တယ် မျက်မြင်သက်သေဆိုတော့ ဒီကလေးတစ်ယောက်ပဲ ရှိတာလေ ဒီကလေးရဲ့အသက်အန္တရာယ်ကိုလည်း ပိုပြီးတော့ရန်ရှာလာနိုင်တယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က သုံးသပ်ပြောဆိုသည်။

သက်ငယ်မုဒိမ်းဖြစ်စဉ်အများစုသည် ဆွေမျိုးသားချင်းများ၊ အိမ်နီးချင်းများအပေါ် ယုံကြည်မှုလွန်ကဲ၍ ကလေးများနှင့်အတူ ရှိနေသည်ကို ခွင့်ပြုထားသည့်အတွက် အများဆုံးဖြစ်ပွားကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမြင့်ဌေးက သုံးသပ်ပြောဆိုထားသည်။

သတင်းနှင့် ဓါတ်ပုံ - နောင်ခန့်

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...