အေအေ၏ ဖမ်းစီးခံရသည့် လမ်းလုပ်သားများ လုပ်ငန်းအဓမ္မစေခိုင်းမှုရှိဟုဆို

အေအေ၏ ဖမ်းစီးခံရသည့် လမ်းလုပ်သားများ လုပ်ငန်းအဓမ္မစေခိုင်းမှုရှိဟုဆို

ပလက်ဝမြို့နယ် တွန်ကရလောင်း အခြေစိုက် လမ်းလုပ်ငန်း ကုမ္ပဏီမှ စက်ကြီး မောင်းသူ (၇) ဦးကို ရက္ခိုင့်တပ်မတော်မှ လုပ်ငန်းအတင်းအဓမ္မစေ ခိုင်းမှုများရှိနေ ကြောင်း ပြန်လည်လွတ်မြောက်လာသည့် ကင်းတလင်း ကျေးရွာသားများမှပြောသည်။

အမည်မဖော်လိုသူ အေအေစခန်းမှ ထွက်ပြေးလွှတ်မြောက်လာသူ တစ်ဦးက “စက်ကြီးမောင်းတဲ့ ခုနှစ်ဦးက စစ်တပ်ကနေ ပင်စင်အငြိမ်းစားတွေလို့ လည်းသိရတယ်။  သူတို့ကိုအရမ်း ညှင်းဆဲတယ်။သူတို့ကို မကြည့်ရက်ဘူး။ အဲဒီခုနှစ်ဦးကို သူတို့ခြေထောက်ကို သံကြိုးနဲ့ ချည်ထားပြီးမှ  အလုပ်တော်တော်များများ ခိုင်းကြတယ်။ သင်တန်းကွင်းတွေကိုလည်း သူတို့ကို ပေါက်တူးပေါက်ပြားတွေနဲ့ လုပ်ခိုင်းကြတယ်။ ထမင်းကိုလည်း တစ်ရက်ကို တစ်နပ်ဘဲကျွေးတယ်။ သူတို့အသားတွေလည်း ပိန်ပိန်ခြောက်ခြောက် ဖြစ်နေပြီ”ဟုပြောသည်။

ပလက်ဝမြို့နယ်ရှိ ကင်းတလင်းရွာသူရွာသားများကို ရက္ခိုင့်တပ်မတော်AAမှ ဖမ်းဆီးပြီး နှစ်ရက်အကြာတွင် တွန်ကရလောင်းတွင် အခြေစိုက်သည့် စက်ကြီးမောင်းသူ(၇)ဦးအပါအဝင် ခူမီး(၁)ဦး နှင့် NGO လုပ်ငန်းလုပ်ကိုင်သူ(၁)ဦး စုစုပေါင်းကိုးဦးကို AAမှဖမ်းဆီးသွားခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...