ပလက်ဝစစ်ဘေးရှောင်များအတွက် ချင်းပြည်နယ်တွင်း အလှူငွေကောက်ခံမှုသိန်း ၃၀၀ ကျော်ရရှိပြီဖြစ်

ပလက်ဝစစ်ဘေးရှောင်များအတွက် ချင်းပြည်နယ်တွင်း အလှူငွေကောက်ခံမှုသိန်း ၃၀၀ ကျော်ရရှိပြီဖြစ်

ပလက်ဝမြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ချင်းပြည်နယ်တွင်း မြို့နယ်အလိုက် လူငယ်များမှ အလှူငွေကောက်ခံခဲ့ပြီး လက်ရှိအချိန်ထိ အလှူငွေ သိန်းသုံးရာကျော် ဝန်းကျင် ရှိကြောင်းသိရသည်။

ပလက်ဝစစ်ဘေးရှောင်များအတွက် မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်များတွင် ကောက်ခံခဲ့ခြင်းဖြစ်သည်။

မင်းတပ်တွင် အလှူငွေ ၃၆သိန်းကျော်၊ ဖလမ်းမြို့တွင် ၇၀ သိန်းကျော်၊ ဟားခါးမြို့တွင် သိန်း ၂၀၀ ကျော်အလှူငွေရရှိပြီး ကျန်မြို့များတွင် ဆက်လက်ကောက်ခံလျက်ရှိရာ ရရှိငွေစာရင်းအတိအကျ မချုပ်သေးကြောင်းသိရသည်။

ချင်းလူငယ်အဖွဲ့(မတူပီ) ဥက္ကဌ ဦးငိုင်းမောင်က “ ဆက်ကောက်နေတုန်းဖြစ်တယ်။ စာရင်းအကုန်မချုပ်ရသေးဘူး” ဟုပြောသည်။

တီးတိန်နှင့်တွန်းဇံမြို့များတွင်လည်း လက်ရှိအချိန်ထိ အလှူငွေပေါင်း သိန်းလေးဆယ်ကျော်ရရှိပြီဖြစ်ပြီး ယခုလ ၂၁ ရက်နေ့အထိ ဆက်လက်ကောက်ယူအုံးမည်ဖြစ်သည်။

တီးတိန်လူငယ်အဖွဲ့မှ မုန်နိုးက “ကျွန်တော်တို့ မရသေးတဲ့ ဘာသာရေးအဖွဲ့အစည်း တွေလည်း ရှိသေးတယ်။ ကျွန်တို့ ဒီလ၂၁ရက်နေ့ အထိအလှူခံမှာဖြစ်တယ်”ဟုပြောသည်။

ကလေးမြို့တွင်လည်း ချင်းကျောင်းသားသမဂ္ဂ(ကလေး) မှ ကလေးမြို့ရှိ တက္ကသိုလ်များတွင် အလှူငွေကောက်ခံလျက်ရှိသကဲ့သို့ ရန်ကုန်မြို့ရှိ ချင်းဘာသာရေးဘုရားကျောင်းအတွင်းလည်း အလှူငွေကောက်ခံလျက်ရှိသည်။

ထို့အပြင် နိုင်ငံတကာရှိ ချင်းအဖွဲ့အစည်းအချို့မှလည်း ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေကောက်ခံပေးပို့လျက်ရှိပြီး ပြည်တွင်း၌တစ်သီးပုဂ္ဂလအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းကိုယ်စားပြုအဖြစ်သော်လည်းကောင်း အလှူငွေများကောက်ခံပေးပို့ကြလျက်ရှိသည်။

ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များတိုးပွားလျက်ရှိကာ အဓိကအားဖြင့် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးပိုင်းတွင်းအခက်အခဲကြုံတွေ့ရလျက်ရှိသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...